ရှေ့သို့
Image

ဘိုင်ယန်ရဲ့စိတ်ဝင်စားမှုကို ငြင်းဆန်ပြီး အာဆင်နယ်နဲ့သက်တမ်းတိုးခဲ့တဲ့ တိုမီယာဆု

11:13 AM, 6 February

သတင်းတွေအရ အာဆင်နယ်နောက်ခံလူ တိုမီယာဆုတစ်ယောက် ဘိုင်ယန်ရဲ့ စိတ်ဝင်စားမှုကိုငြင်းဆန်ပြီး အာဆင်နယ်နဲ့ ကာလရှည်စာချုပ်သက်တမ်း တိုးတော့မယ်လို့ သိရပါတယ်။

နိုဝင်ဘာလတုန်းက အာဆင်နယ်ဟာ ဂျပန်သားကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး ဘိုင်ယန်ကလည်း စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ တိုမီယာဆုဟာ အာတီတာရဲ့မရှိမဖြစ်နောက်တန်း ကစားသမားတစ်ဦးဖြစ်သလို ဘင်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ မရှိချိန်မှာ အားထားရတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

တင်းဘားမရှိချိန်မှာ အသက် ၂၅ နှစ်သားဟာ အာဆင်နယ်ခံစစ်မှာ စွယ်စုံရတာကြောင့် အရေးပါတဲ့သူဖြစ်နေတာဖြစ်ပြီး အခုဇန်နဝါရီမှာ အငှားနဲ့ထွက်ခွာနိုင်တယ်လို့ သတင်းကြီးခဲ့တာဖြစ်ပါတယ်။ ဂျပန်သားရဲ့စာချုပ်သက်တမ်းက ၁၈ လသာ ကျန်တော့တာဖြစ်ပြီး အာဆင်နယ်က နွေရာသီမှာ ငွေသုံးကြမ်းနိုင်ဖို့ ရောင်းထုတ်နိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ရိုမာနိုကိုယ်တိုင်က အာဆင်နယ်နဲ့ တိုမီယာဆုတို့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကာ မကြာခင်မှာ ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။ တိုမီယာဆုဟာ အာဆင်နယ်ထံ ၂၀၂၁ တုန်းက ဘိုလော့ဂ်နာ အသင်းထံကနေ ပေါင် ၁၆ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ တိုမီယာဆုဟာ ပွဲ ၂၀ လောက်အထိ ပါဝင်ကစားထားပြီး လက်ရှိမှာ အာရှဖလားပွဲအတွက် ကစားပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျပန်အသင်းဟာ စနေနေ့တုန်းက အီရန်အသင်းနဲ့တွေ့ဆုံပြီး ထွက်ခွာလာခဲ့ရတာကြောင့် တိုမီယာဆုဟာ လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။

လီဗာပူးကို ၃-၁ နဲ့ အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ဟာ ထိပ်ဆုံးနေရာက လီဗာပူးကို ၂ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးထားနိုင်ပါတယ်။

#အာဆင်နယ် #တိုမီယာဆု #ဘိုင်ယန်မြူးနစ် #ပရီးမီးယားလိဂ်