ရှေ့သို့
Image

အာဆင်နယ်ကနေ ထွက်ခွာပြီး စီနီယာအသင်းနည်းပြအလုပ်ကို ပထမဆုံးရယူဖို့ ပြင်ဆင်နေတဲ့ ဝီလ်ရှီးယား

2:58 PM, 4 February

သတင်းတွေအရ အာဆင်နယ်လူငယ်အကယ်ဒမီနည်းပြ ဂျက်ဝီလ်ရှီးယားဟာ စကော့တလန်အသင်း အဘာဒန်ကို နည်းပြလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။အာဆင်နယ် နဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း လက်ရှိမှာ အာဆင်နယ်လူငယ်အသင်းကို ၂၀၂၂ ဇူလိုင်လကတည်းက နည်းြ့ပနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အင်္ဂလန်စတားဟောင်းဟာ စီနီယာအသင်းနည်းပြရာထူးကို ရယူဖို့ ပြင်ဆင်နေပါတယ်။အခုအပတ်အစောပိုင်းတုန်းက အဘာဒန်အသင်းဟာ ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ နည်းပြ ဘယ်ရီရော့ဘ်ဆင်ကို ထုတ်ပယ်ခဲ့ပါတယ်။ပီတာလီဗန်က လက်ရှိမှာယာယီနည်းပြအဖြစ် တာဝန်ယူနေပေမယ့် အဘာဒန်အသင်းက အမြဲတမ်းနည်းပြတစ်ဦးရှာဖွေနေတာဖြစ်ပါတယ်။

သတင်းတွေအရ အာဆင်နယ်လူငယ်အသင်းမှာနည်းပြနေတဲ့ ဂျက်ကို အဘာဒန်အသင်းက ဘယ်ရီနေရာမှာ အစားထိုးချင်နေတယ်လို့ သိရပါတယ်။ဒါပေမယ့် စီနီယာနည်းပြအတွေ့အကြုံမရှိတာက ခန့်အပ်ဖို့ ဖြစ်နိုင်ချေက နည်းပါးနေပါတယ်။ ဆဲလ်တစ်နည်းပြ နေးလ်လန်နွန်က အဘာဒန်နည်းပြသစ်ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

အခြားသူတွေအဖြစ် ဆန်းဒါးလန်း နဲ့ စတုတ်နည်းပြဟောင်း အဲလက်စ်နေးလ်ကလည်း ရေပန်းစားနေပါတယ်။ ဝီလ်ရှီးယားကတော့ စီနီယာနည်းပြအတွေ့အကြုံအတွက် အာဆင်နယ်လူငယ်အသင်းကို စွန့်ခွာဖို့များနေပါတယ်။ပြီးခဲ့တဲ့သတင်းတွေအရလည်း ဂျက်ဟာ မေဂျာလိဂ်ကလပ် ကော်လိုရာဒိုအသင်းရဲ့ပစ်မှတ်ထားခြင်းခံနေရတယ်လို့ သိရပါတယ်။

အမေရိကန်ကလပ်ဟာ လက်ရှိမှာ ယူနိုက်တက် နဲ့ လိဒ်လက်ထောက်နည်းပြ ခရစ္စအာမက်စ်ကို ထုတ်ပယ်ထားခဲ့တာဖြစ်ပါတယ်။ဝီလ်ရှီးယားဟာ ပထမဆုံးရာသီမှာပဲ အာဆင်နယ်ယူ - ၁၈ အသင်းကို အက်ဖ်အေလူငယ်ဖလားရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။


#အာဆင်နယ် #ဂျက်ဝီလ်ရှီးယား #ပရီးမီးယားလိဂ်