ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ဒီဂီယာ

2:40 PM, 4 February

ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာတစ်ယောက် နော်တင်ဟမ်ဖောရက်စ်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

တာနာ နဲ့ အိုဒစ်ဆီတို့ကို လက်လွှတ်ရမယ့် ဖောရက်စ်ဟာ ဂိုးသမားနေရာအတွက် အခုဆောင်းဈေးကွက်ထဲမှာ ရှာဖွေခဲ့တာဖြစ်ပါတယ်။


အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ နော်တင်ဟမ်ဟာ ဒီဂီယာကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း စပိန်သားက အခုဆောင်းဈေးကွက်ထက် လာမယ့်နွေရာသီမှာသာ အသင်းသစ်ရှာဖွေချင်နေပါတယ်။


ဒီဂီယာကိုခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် ဖောရက်စ်ဟာ မက်ဇ်ကို အစားထိုးခေါ်ယူခဲ့ရပါတယ်။ ဒီဂီယာဟာ အခုလက်ရှိမှာအသင်းလက်မဲ့ဖြစ်နေပြီး ဘောလုံးလောကထဲကို ပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

စပိန်သားဟာ ယူနိုက်တက်အတွက် အကောင်းဆုံးကစားပေးနေပေမယ့် အိုနာနာကိုခေါ်ယူပြီးချိန်မှာ ယူနိုက်တက်ဘက်က စာချုပ်ထဲမှာပါတဲ့အချက်ကို သက်တမ်းမတိုးခဲ့တာဖြစ်ပါတယ်။

ဆော်ဒီမြေနဲ့လည်းသတင်းတွေထွက်နေသလို ဘိုင်ယန် နဲ့ ရီးရဲလ်တို့ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဒီဂီယာကို ချိတ်ဆက်ခဲ့ကြသေးတာဖြစ်ပါတယ်။


ဘောလုံးလောကကနေ အဝေးမှာနေချိန်မှ ဒီဂီယာဟာ သူ့အချိန်တွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီဂီယာဟာ Rebels Gaming အမည်ရတဲ့ Esports အသင်းတည်ထောင်ထားကာ အဲ့ထဲမှာ ဘရူနို နဲ့ မာတာတို့ ပါဝင်နေတာဖြစ်ပါတယ်။

အသက် ၃၃ နှစ်သားဟာ ဘောလုံးလောကကနေ အနားယူဖို့မရှိပဲ ဆက်ကစားချင်နေပေမယ့် အသက်အရွယ်ကြောင့် အနားယူရဖို့လည်း ဖိအားတွေရှိနေပါတယ်။

နွေရာသီမှာ အသင်းသစ်ကမ်းလှမ်းမှုမရှိရင် ဒီဂီယာတစ်ယောက် အနားယူဖို့ များနေပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #နော်တင်ဟမ်ဖောရက်စ် #ပရီးမီးယားလိဂ်