ရှေ့သို့
Image

ဝုဗ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုင်နိုကို ချီးကျူးလိုက်တဲ့ ဟွိုက်လန်း

2:10 PM, 3 February

ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက အသင်းဖော်လူငယ်ကစားသမား မိုင်နိုမှာ ထူးခြားတဲ့အရည်အချင်းရှိနေတယ်လို့ ချီးကျူးပြောကြားလိုက်ပြီး သူနဲ့အတူ ခေတ်တစ်ခေတ်ကို တည်ဆောက်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဟွိုက်လန်းဟာ ဝုဗ်အသင်းကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အသက် ၁၈ နှစ်သား မိုင်နိုကလည်း ပွဲကစားချိန် ၉၇ မိနစ်မှာ အနိုင်ဂိုးသွင်းယူကာ စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။

“အဆုံးသတ်က ခက်ခဲခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အနည်းငယ်စိတ်ပျက်မိခဲ့ပါတယ်။ ဘာလိ့ုလဲဆိုတော့ ကျွန်တော်တို့ အနည်းငယ်အပြောင်းအလဲလုပ်ခဲ့ရတာကြောင့်ပါ။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့အတွက် ပျော်စရာဖြစ်ခဲ့ပါတယ်။ မိုင်နိုဆိုတဲ့ကောင်လေးက တကယ့်ကောင်းမွန်တဲ့မျိုးဆက်သစ်ကစားသမားလေးပါ။ သူက အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့လိုအရာတွေကို နှစ်သက်ခဲ့သလို ကွင်းထဲမှာ အတူတူအချိန်ကုန်ဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်အရင်က လူငယ်တွေအကြောင်းပြောခဲ့သလိုပဲ ကျွန်တော်တို့မှာ သေးငယ်တဲ့အုပ်စုရှိခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း ချိတ်ဆက်မှုတွေရှိပါတယ်။ အသင်းကို လူငယ်တွေနဲ့တည်ဆောက်ရတာ အရမ်းကိုကောင်းပါတယ်”

“သူတို့တွေနဲ့အတူ ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ရဲ့တည်ငြိမ်မှုကိုလည်းမြင်နိုင်ပါတယ်။ သူက ဘောလုံးကိုင်ထားချိန်မှာ တည်ငြိမ်ပါတယ်။ ပြီးတော့ ဘောလုံးနဲ့အတူဆိုရင် အရည်အချင်းအများကြီးရှိပါတယ်။ အခုတော့ သူက ပွဲထွက်ခွင့်အပြင် ဂိုးတွေပါ သွင်းယူနိုင်နေပါပြီ။ သူက လုံးဝပြီးပြည့်စုံတဲ့ကစားသမားပါ။ ခင်ဗျားက လုံလုံလောက်လောက်ကောင်းမွန်တဲ့အပြင် ရင့်ကျက်တည်ငြိမ်မှုလည်းရှိမယ်ဆိုရင် အဲ့တာက ကောင်းမွန်တဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဒီနေရာမှာ အကြောင်းပြချက်ရှိနေပါတယ်။ တာဝန်ယူမှုအပိုင်း ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ သူက အရမ်းတည်ငြိမ်ပြီး သူ့အရည်အချင်းကို သူသိပါတယ်။ ဘယ်နေရာမှာ ဘယ်လိုစွမ်းဆောင်ရမလဲဆိုတာကိုလည်း သူသိပါတယ်။ လူတွေအနေနဲ့လည်း သူဘယ်လိုစွမ်းဆောင်ပြနေလဲဆိုတာ မြင်နိုင်ပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ”လို့ ဟွိုက်လန်းက ပြောကြားခဲ့ပါတယ်။

မိုင်နိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဂါနာချိုပြီးနောက် ယူနိုက်တက်အကယ်ဒမီရဲ့နောက်ဆုံးထွက်ကုန်ဖြစ်လာခဲ့ပါတယ်။ ၂၀၂၂ တုန်းက ယူနိုက်တက်လူငယ်အက်ဖ်အေဖလားရယူနိုင်ခဲ့ရာမှာ ဂါနာချိုနဲ့အတူ တွဲဖက်ကစားခဲ့တာဖြစ်ပြီး နိုဝင်ဘာတုန်းက ခြေကျင်းဝတ်ဒဏ်ရာရပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။

မိုင်နိုဟာ ပြီးခဲ့တဲ့နောက်ဆုံး ၂ ပွဲကို ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမဆုံးစီနီယာဂိုးကို တနင်္ဂနွေနေ့တုန်းက နယူးပေါ့တ်ကောင်တီနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်မရှုံးနိမ့်ထားပဲ ရာသီတစ်လျှေက် အရှည်ကြာဆုံးစံချိန်လည်းဖြစ်ပါတယ်။

ဝုဗ်နဲ့ပွဲအပြီးမှာ ယူနိုက်တက်ဟာ အခုအရှိန်ကိုဆက်ထိန်းထားနိုင်ဖို့ အလိုရှိနေပြီး မိုင်နိုကလည်း တန်ဟက်ရဲ့အသင်းမှာ နေရာဆက်ရဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝုဗ် #ပရီးမီးယားလိဂ် #မိုင်နို #ဟွိုက်လန်း