ရှေ့သို့
Image

လက်ရှိအခြေအနေမှာ အခြားနည်းပြသာဆိုရင် ထုတ်ပယ်လိုက်ပြီလို့ပြောကြားလိုက်တဲ့ လာပေါ်တာ

10:40 AM, 3 February

ဇာဗီကဲ့သို့ ကလပ်ဂန္ထဝင်တစ်ဦးမဟုတ်တဲ့ နည်းပြဖြစ်ခဲ့ပါက လက်ရှိအခြေအနေမှာ အဲ့ဒီနည်းပြကို ရာထူးမှ ထုတ်ပယ်လိုက်မှာဖြစ်ကြောင်း လာပေါ်တာက ဝန်ခံလိုက်ပါတယ်။

ဇန်န၀ါရီလဟာ ဘာစီလိုနာအတွက် ဆိုးရွားတဲ့လ ဖြစ်နေပါတယ်။ စူပါကိုပါဒီအက်စ်ပန်နာတွင် ရီးရဲလ်မက်ဒရစ်ကို ၄-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း အက်သလက်တစ်ကလပ်ကို အချိန်ပိုတွင်ရှုံးနိမ့်ခဲ့ရပါတယ်။ ဗီလာရီးရဲလ်ကိုပါ ၅-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ဇာဗီဟာ အသင်းကနေထွက်ခွာဖို့ တွန်အားပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ကလပ်ဂန္ထဝင်တစ်ဦးမဟုတ်ပါက ထုတ်ပယ်ခံရနိုင်ကြောင်း လာပေါ်တာက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဇွန်လ မတိုင်ခင် ဇာဗီကို ထုတ်ပယ်ဖို့ ဖြစ်နိုင်ခြေရှိလားလို့ မေးတဲ့အခါ လာပေါ်တာက "ကျွန်တော့်အတွက် အဆင်မပြေရင် ဇာဗီကို ထုတ်ပစ်မှာမဟုတ်ပါဘူး။ သူက ဒီလိုလုပ်ခံရဖို့မထိုက်တန်ပါဘူး။ ရာသီကုန်အထိ ကျွန်တော်တို့ချမှတ်ထားတဲ့ပုံစံကို သူကတကယ်ယုံကြည်ပါတယ်" "ဘာစီလိုနာဟာ လာလီဂါ ဒါမှမဟုတ် ချန်ပီယံလိဂ်မှာ လက်မလျှော့ဘဲ နာပိုလီကို ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ လုံလောက်တဲ့ အသင်း တစ်သင်းဖြစ်ပါတယ်။ စီမံခန့်ခွဲမှုနှင့် ကစားသမားများ မည်သို့ပါဝင်ပတ်သက်နေတာကို ကျွန်တော်တို့ သံသယမရှိပါ။ ဇာဗီမဟုတ်ရင် ကျွန်တော် ဒီအခြေအနေမှာ အဲ့ဒီနည်းပြကို ထုတ်ပစ်ခဲ့လိမ့်ပါမယ်"လို့ ပြောပါတယ်။

ကလပ်ဟာ ဇာဗီရဲ့နေရာကို အစားထိုးရန်အတွက် နည်းပြရှာဖွေမှု စတင်နေပြီလို့ လာပေါ်တာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ဒေကိုက အဲ့ဒါကို လုပ်ဆောင်နေပါတယ်။ ဒီတာဝန်ကို သူ့ထံ ကျွန်တော် လွှဲအပ်ထားပါတယ်။ လက်ကျန်ရာသီအတွက် ကျွန်တော် ဇာဗီကို ယုံကြည်ပါတယ်"လို့ လာပေါ်တာက ပြောပါတယ်။

ဇာဗီဟာ လီယွန်နယ်မက်ဆီပြီးနောက် ကလပ်အတွက် ပွဲအများဆုံး ကစားထားတဲ့ ဒုတိယကစားသမားဖြစ်ပြီး ၇၆၇ ပွဲ ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက်လုံး ဘာစီလိုနာအသင်းနဲ့အတူ အဓိကဆုဖလား ၁၅ လုံး ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဇာဗီဟာ ရော်နယ်ကိုးမန်းရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာ ဘာစီလိုနာနှင့် အတူ လာလီဂါဖလားရရှိခဲ့ပါတယ်။

အသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီမှာ ရှုံးနိမ့်ခဲ့ကာ အခု ၁၆ သင်းအဆင့်မှာတော့ နာပိုလီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရာထူးမှ နှုတ်ထွက်မယ့် ဇာဗီရဲ့နေရာတွင် နည်းပြဟောင်းဖြစ်တဲ့ ရစ်ကက်ဖြင့် အစားထိုးရန် လာပေါ်တာက ချဉ်းကပ်မှုများ ပြုလုပ်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

နယ်သာလန်နည်းပြဟာ ၂၀၀၀ ခုနှစ်တွေတုန်းက နူးကမ့်တွင် အောင်မြင်မှုများ ရရှိခဲ့ပြီး လာလီဂါဖလား ၂ ကြိမ်နှင့် ၂၀၀၆ ခုနှစ်တွင် အာဆင်နယ်ကိုအနိုင်ရပြီးနောက် ပါရီတွင် သမိုင်းဝင်ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ဟန်စီဖလစ်၊ ရောဘတ်တို ဒီဇာဘီနှင့် သီယာဂိုမော့တာ ကဲ့သို့သော နည်းပြတွေကိုလည်း ဆက်သွယ်နေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #လာပေါ်တာ