ရှေ့သို့
Image

ဒဏ်ရာရနေပေမယ့် ဟောင်ကောင်က ခြေစမ်းပွဲမှာ မက်ဆီ ကစားဖို့ရှိနေပါတယ်လို့ ပြောလိုက်တဲ့ အင်တာမီယာမီ နည်းပြ

10:14 AM, 3 February

လီယွန်နယ်မက်ဆီက ဒဏ်ရာပြဿနာရှိနေသော်လည်း ဟောင်ကောင်မှာကစားမယ့် ခြေစမ်းပွဲမှာ သေချာပေါက်ပါဝင်မယ်လို့ အင်တာမီယာမီနည်းပြ ဂျရတ်ဒိုမာတီနိုက ပရိသတ်တွေကို အာမခံထားပါတယ်။

အာဂျင်တီးနားစူပါစတားဟာ ဆော်ဒီအာရေးဗျတွင် အယ်လ်နာဆာကို ၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲတွင် တံကောက်ကြောဒဏ်ရာရှိနေတယ်လို့ ထင်ရတာကြောင့် ခဏတာသာ ပါဝင်ကစားခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား ဆုရှင်ဟာ ပွဲစဉ်အတွင်း ကြံ့ခိုင်မှုမရှိတာကြောင့် သူ့ရဲ့ အခြေအနေကို စနေနေ့လေ့ကျင့်ရေးမှာ အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။

သတင်းထောက်များနှင့် စကားပြောရာတွင် မာတီနိုက "ကျွန်တော်တို့ ဒီတစ်ပတ် ဆော်ဒီအာရေးဗျမှာ ပြင်းထန်တဲ့ ပွဲစဉ်နှစ်ပွဲရှိခဲ့ပြီး နောက်ထပ်နှစ်ပွဲအဖြစ် အယ်လ်ဆာဗေးဒေါ ဒါးလက်စ်တို့နှင့် ကစားခဲ့ရပါတယ်။ ကစားသမားတစ်ယောက်ချင်းစီရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စောင့်ကြည့်ရမှာပါ၊ ဒါပေမယ့် လီယိုက တတ်နိုင်သမျှ အချိန်ပေးပြီး ကစားသွားမှာပါလို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" "ရာသီကြိုပွဲတွေ အများကြီးကစားထားတာကြောင့် လေ့ကျင့်ရေးမှာ ကစားသမားတစ်ဦးစီကို အကဲဖြတ်သွားမှာပါ။ ရည်မှန်းချက်ကတော့ လီယိုက မိနစ်များများကစားနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ရေးမှာ ဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ဒါပေမယ့် သူက ကွင်းထဲမှာ သေချာပေါက်ရှိနေမှာပါ" လို့ ပြောပါတယ်။

ရီယာ့ဒ်မြို့မှ ရောက်ရှိလာပြီးနောက် ပရိသတ်တွေက ဘော်လွန်းဒီအောဆုရှင် ကြည့်ရှုဖို့အတွက်စောင့်မျှော်နေကြတာဖြစ်ပါတယ်။ အင်တာမီယာမီကစားသမားတွေ တည်းခိုနေတဲ့ ဟိုတယ်ကို ပရိသတ်တွေက ဝိုင်းအုံလာခဲ့ကြပြီး ရိုးရာတစ်စင်းကလည်း ရွက်တိုင်ပေါ်မှာ မက်ဆီရဲ့ပုံပါရွက်ကြီးကိုလွှင့်ထားကာ ဗစ်တိုးရီးယားဆိပ်ကမ်းအနီးမှာ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

အင်တာမီယာမီဟာ စနေနေ့မွန်းလွဲပိုင်းတွင် ဟောင်ကောင်အားကစားကွင်း၌ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်မှာဖြစ်ပြီး မက်ဆီကို ကြည့်ရှုရန် ပရိသတ်များ စုပြုံရောက်ရှိလာမှာဖြစ်ပါတယ်။ ပရိသတ်တွေဟာ လီဗာပူးနှင့် ဘာစီလိုနာကြယ်ပွင့်ဟောင်း လူးဝစ်ဆွာရက်ဇ်နှင့်အတူ ဆာဂျီယို ဘတ်စ်ကွက်၊ ဂျော်ဒီ အယ်လ်ဘာတို့ကိုပါကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။

ဟောင်ကောင်တွင် ကစားပြီးနောက် မက်ဆီနှင့်သူ့ရဲ့အသင်းဖော်တွေဟာ ကမ္ဘာလှည့်ခြေစမ်းပွဲခရီးစဉ်ကို မပြီးဆုံးမီ အင်္ဂါနေ့တွင် ဗစ်ဆယ်ကိုဘီနှင့် ကစားဖို့ ဂျပန်သို့ သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ MLS ရာသီသစ်က ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင်မှာဖြစ်ပြီး ရီးရဲလ်ဆော့လိတ်နှင့် စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

#မက်ဆီ #အင်တာမီယာမီ #ခြေစမ်းပွဲ