ရှေ့သို့
Image

ဘယ်လင်ဂမ်နှင့် ဂရင်းဝုဒ်တို့ရဲ့ဖြစ်ရပ်အတွက် နှုတ်ခမ်းဖတ်ကျွမ်းကျင်သူကို ငှားရမ်းလိုက်တဲ့ လာလီဂါ

10:01 AM, 3 February

ရီးရဲလ်မက်ဒရစ်မှာ ဘယ်လင်ဂမ်ရဲ့ ဂီတာဖေးမှာ ဂရင်းဝုဒ်အား ပြောဆိုထားထားတဲ့ ဗီဒီယိုဖိုင်ကို စိစစ်ရန် လာလီဂါက နှုတ်ခမ်းဖတ်ကျွမ်းကျင်သူကို ငှားရမ်းလိုက်ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ကြာပသတေးနေ့က မြို့ခံပြိုင်ဘက်အား ရီးရဲလ်မက်ဒရစ်ရဲ့ နိုင်ပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်လင်ဂမ်က ယူနိုက်တက်မှ အငှားလာရောက်နေတဲ့ ကစားနေတဲ့ ဂရင်းဝုဒ်ကို မုဒိမ်းကောင် လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂီတာဖေးဟာ အဆိုပါပွဲသို့လာရောက်ကြည့်ရှုခဲ့တဲ့ လာလီဂါရဲ့ ကိုယ်စားလှယ်ထံ တိုင်ကြားချက်တစ်ခု ပြုလုပ်ခဲ့ပြီး အဲ့ဒီဖြစ်ရပ်ကို စစ်ဆေးဖို့အတွက် နှုတ်ခမ်းဖတ်ကျွမ်းကျင်သူကို လာလီဂါက ခေါ်ယူထားကြောင်း SERက ဖော်ပြထားပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ အကြမ်းဖက်ရန် ကြိုးပမ်းမှုအစရှိတဲ့ စွဲချက်များကနေလွတ်မြောက်ခဲ့ပြီးနောက် ယူနိုက်တက်မှ စပိန်သို့ တစ်ရာသီအငှားဖြင့် ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ကလပ်ကတော့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားရဲ့ ရေရှည်အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရန် စီစဉ်ထားပါတယ်။ ဘယ်လင်ဂမ်က မုဒိမ်းကောင် ဟူသော စကားလုံးကို အသုံးပြုခဲ့သည်မှာ သေချာလုနီးပါးဖြစ်ကြောင်း မှုခင်းဆိုင်ရာ နှုတ်ခမ်းဖတ်သူတစ်ဦးက Daily Mail သို့ ပြောကြားခဲ့ပါတယ်။

ဂျရက်မီဖရီးမင်းက "ဒီဗီဒီယိုကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာခဲ့ပြီး အထူးသဖြင့် သူတို့ပြောဆိုခဲ့တဲ့ အကြောင်းအရာကို ထည့်သွင်းစဉ်းစားတဲ့အခါ ပြောစကားတွေက မုဒိမ်းကောင် ဖြစ်မယ်လို့ ၉၇ ရာခိုင်နှုန်းလောက် ကျွန်တော်ယုံကြည်ပါတယ်။ နှုတ်ခမ်းတွေရဲ့ပြောဆိုအပုံတွေက 'R' နှင့် 'P' အသံများ ရှိနေတာကို ညွှန်ပြနေပြီး စကားလုံးတွေက ပြတ်သားစွာ အဆုံးသတ်သွားပုံပေါ်ပါတယ်။ ဒါ့အပြင် အသံထွက်လည်း ဘာမင်ဂမ် လေယူလေသိမ်းရှိပုံရပါတယ်။ အမြင်အာရုံဆိုင်ရာ အမှတ်အသားများရဲ့ ရှင်းလင်းပြတ်သားမှုနှင့် အလားအလာရှိသော အစားထိုးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေမရှိတာကြောင့် ဒီကောက်ချက်ပြောကြားချက်အပေါ် သေချာပါတယ်" လို့ ပြောပါတယ်။

စွပ်စွဲခံထားရမှုအတွက် ဘယ်လင်ဂမ်က အပြစ်ရှိပါက အပြစ်ပေးခံရမှလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ သူတို့ရဲ့ကစားသမားကို ပွဲပယ်မခံရဖို့ မျှော်လင့်နေပြီး လာမယ့်ရက်သတ္တပတ်မှာ မဟာပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

#လာလီဂါ #ဂီတာဖေး #ဂရင်းဝုဒ် #ဘယ်လင်ဂမ်