ရှေ့သို့
Image

ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုက ရန်မဖြစ်တဲ့အပြင် ဇနီးသည်တွေကိုပါ လဲအိပ်တယ်ဆိုပြီး ရွဲ့ပြောသွားတဲ့ အာတီတာ

9:45 AM, 3 February

အာဆင်နယ်နည်းပြ မီကယ်အာတီတာက နော်တင်ဟမ်ဖောရက်စ်အပြီး ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ရဲ့ အချင်းများမှုအကြောင်းကို အရွှန်းဖောက်ကာ ပြောပြသွားခဲ့ပါတယ်။

ဂန်းနားတွေဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အပြီး အချင်းများခဲ့ရာမှာ နည်းပြအဖွဲ့ဝင်တွေနဲ့ အခြားကစားသမားတွေက ဝင်ဆွဲခဲ့ရပါတယ်။ ဒါပေမယ့် အာတီတာကတော့ ကစားသမားတွေကြား စိတ်ဝမ်းကွဲမှုမရှိဘဲ ဝှိုက်နဲ့ ဇင်ချန်ကိုတို့ဟာ အရမ်းနီးကပ်တဲ့ဆက်ဆံရေးရှိတယ်လို့တောင် ပြောပြသွားခဲ့ပါတယ်။

အာတီတာက "ဟုတ်ပါတယ်။ သူတို့က တစ်အိမ်ထဲမှာ အတူတူနေပြီး ပြီးခဲ့တဲ့ရက်အနည်းငယ်ကဆိုရင် ဇနီးသည်တွေတောင် လဲအိပ်ကြပါသေးတယ်။ သူတို့ အတူနေကြတာ အဆင်ပြေပါတယ်။
သူတို့က အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပါ။ ဆက်ဆံရေးကောင်းမရှိတဲ့သူနှစ်ယောက်ကြား ငြင်းခုန်တာမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။ ယုံကြည်မှုနဲ့ chemistryရှိနေလို့သာ အခုလိုမျိုးဖြစ်လာခဲ့တာပါ"လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနက်ဖြန်ညမှာ လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။

#အာတီတာ #ဇင်ချန်ကို #ဘန်ဝှိုက် #ပရီးမီးယားလိဂ်