ရှေ့သို့
Image

စီနီယာအသင်း ကားပါကင်ကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တဲ့ ယူနိုက်တက်စတား မိုင်နို

10:47 AM, 2 February

သတင်းတွေအရ ယူနိုက်တက်လူငယ်စတား ကိုဘီမိုင်နိုဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းက စီနီယာအသင်း ကားပါကင်ကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ဂရိတ်မန်ချက်စတာမှာ ဖွားမြင်တဲ့ မိုင်နိုဟာ ယူနိုက်တက်အကယ်ဒမီရဲ့နောက်ဆုံး ထုတ်ကုန်ဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ မိုင်နိုက သူ့ရဲ့နေရာနဲ့ပတ်သက်ပြီး ဖြေကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်သားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ယူနိုက်တက်လူငယ်အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့နေရာမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဂါနာချိုကလည်း မိုင်နိုနဲ့အတူ လူငယ်အသင်းမှာ ပရိသတ်အချစ်တော်ဖြစ်ခဲ့ပြီး အခုလည်း စီနီယာအသင်းမှာ ပုံမှန်နေရာရနေတာဖြစ်ပါတယ်။

မိုင်နိုကလည်း အာဂျင်တီးနားသားရဲ့ခြေရာကို လိုက်နင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သတင်းတွေအရ မိုင်နိုဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းက စီနီယာအသင်းကားပါကင်ကို အသုံးမပြုခဲ့ဘူးလို့ သိရပါတယ်။ တန်ဟက်ကတော့ မိုင်နိုရဲ့တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး ယခင် ဆာအဲလက်စ်ဖာဂူဆန်အသုံးပြုခဲ့တဲ့နည်းလမ်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ယခင်နည်းပြကြီး ဆာအဲလက်စ်ကလည်း ရိုင်ယန်ဂစ်ကို အခုလိုမျိုးနည်းလမ်းမျိုး အသုံးပြုခဲ့သေးတာဖြစ်ပါတယ်။ မိုင်နိုအနေနဲ့ အခုစွမ်းဆောင်ရည်မျိုးကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် တန်ဟက်အနေနဲ့ သူ့ကိုလူစာရင်းကနေ ဖယ်ထုတ်ဖို့ ခက်ခဲလာနိုင်ပါတယ်။

“သူ့အနေနဲ့ လုံလုံလောက်လောက်ကောင်းမွန်နေပြီဆိုတာရယ် ရင့်ကျက်နေပြီဆိုတာရယ်ကို သက်သေပြခဲ့ပါတယ်။ ဒီလိုပွဲတွေမှာ သူရလာတဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့ပါတယ်။ အဲ့တာတွေက သူပိုကောင်းတဲ့ ကစားသမားဖြစ်လာစေနိုင်ပါတယ်”လို့ တန်ဟက်က ပြီးခဲ့တဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

#ဝုဗ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ် #မိုင်နို