ရှေ့သို့
Image

အာဂျင်တီးနားနဲ့အတူ တရုတ်ခရီးစဉ်ပါဝင်မှာဖြစ်တာကြောင့် မေဂျာလိဂ် ၂ ပွဲလောက် မက်ဆီ လွဲချော်ဖွယ်ရှိနေ

1:26 PM, 31 January

အင်တာမီယာမီစတား မက်ဆီတစ်ယောက် မတ်လမှာ အာဂျင်တီးနားအသင်းနဲ့တရုတ်ခရီးစဉ်ပါဝင်မှာဖြစ်တာကြောင့် မေဂျာလိဂ်ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အင်တာမီယာမီကိုပြောင်းပြီးကတည်းက ၁၄ ပွဲမှာ ၁၁ ဂိုးသွင်းယူထားနိုင်ခဲ့ကာ ရာသီသစ်မှာ အပြည့်အဝပါဝင်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဂျင်တီးနားအက်ဖ်အေကတော့ ဘေဂျင်းမှာ Cote အသင်းနဲ့မရင်ဆိုင်ခင် နိုင်ဂျီးရီးယားနဲ့ ဟန်ကျိုးမှာကစားမယ်လို့ ကြေညာခဲ့ပါတယ်။အဆိုပါပွဲ ၂ ပွဲဟာ ၂၀၂၄ ကိုပါအမေရိက ပွဲမတိုင်ခင် ခြေစမ်းတဲ့အနေနဲ့ ကစားမှာဖြစ်ပါတယ်။ ခြေစမ်းပွဲအတွက် တိကျတဲ့ရက်ကိုမကြေညာသေးပေမယ့် အာဂျင်တီးနားအသင်းတာဝန်ရှိသူတွေက အဆိုပါပွဲကို မတ်လ ၁၈ ကနေ ၂၆ အတွင်းကစားမယ်လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီယာမီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာသာရပ်တည်နိုင်ခဲ့သလို play-off လည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဒီစီယူနိုက်တက် ၊ ရက်ဒ်ဘူးလ်တို့နဲ့ပွဲတွေကို မတ်လ ၁၆ နဲ့ မတ်လ ၂၃ တွေမှာ ကစားဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်ခဲ့မယ်ဆိုရင် အင်တာမိုင်ယာမီရဲ့အဆိုပါပွဲစဉ် ၂ ပွဲကို လွဲချော်ဖို့ များနေပါတယ်။

အာဂျင်တိုင်းသားကလည်း သူ့အနေနဲ့ နိုင်ငံအသင်းအတွက် ဆက်လက်ကစားပေးချင်ကြောင်းပြောကြားခဲ့သလို ကိုပါအမေရိကဖလားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ကိုပါအမေရိကပြိုင်ပွဲကို ဇွန်လ နဲ့ ဇူလိုင်လတွေမှာ ကျင်းပမှာဖြစ်တာကြောင့် မက်ဆီးအနေနဲ့ မေဂျာလိဂ်ပွဲတွေကို ပိုလွဲချော်ဖို့များနေပါတယ်။မက်ဆီဟာ အဆိုပါပြိုင်ပွဲအတွင်းကစားမယ်ဆိုရင် မေဂျာလိဂ်ပွဲအနည်းဆုံး ၅ ပွဲလောက်လွဲချော်ဖွယ်ရှိနေပါတယ်။


#အာဂျင်တီးနား #မက်ဆီ #အင်တာမီယာမီ #မေဂျာလိဂ်