ရှေ့သို့
Image

ယုတ္တိမရှိတဲ့အကြောင်းပြချက်နဲ့ အထုတ်ခံခဲ့ရတဲ့ မော်ရိုကိုစတား အမရာဘတ်

11:18 AM, 31 January

တောင်အာဖရိကနဲ့ပွဲမှာ မော်ရိုကိုကွင်းလယ်လူ အမရာဘတ်တစ်ယောက် ယုတ္တိမရှိတဲ့အကြောင်းပြချက်နဲ့ အထုတ်ခံခဲ့ရပါတယ်။ အဆိုပါပွဲမှာ မော်ရိုကိုအသင်းဟာ ၂ ဂိုးပြတ်နဲ့ တောင်အာဖရိကအသင်းကို အရေးနိမ့်ခဲ့ကာ အမရာဘတ်ကတော့ ပွဲကိုပြီးဆုံးအောင် ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မှာ အငှားကစားနေတဲ့ အမရာဘတ်ဟာ ပွဲကစားချိန် ၆၄ မိနစ်မှာ အဝါကတ်ပြသခံခဲ့ရပေမယ့် သူ့ညနေခင်းက ထင်ထားတာထက် ဆိုးဝါးခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၉၄ မိနစ်မှာ အမရာဘတ်ဟာ နောက်ဆုံးနောက်ခံလူအဖြစ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ပါတယ်။

ကနဦးတုန်းက အမရာဘတ်တစ်ယောက် ဒုတိယအဝါကတ်နဲ့ လွဲချော်ခဲ့ပေမယ့် VAR ပြန်ကြည့်ချိန်မှာ ပြစ်ဒဏ်ထင်ရှားတာကြောင့် ဒုတိယအဝါကတ်ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဝါကတ်နဲ့ပွဲသိမ်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဗီဒီယိုတာဝန်ရှိသူတွေက တိုက်ရိုက်အနီကတ်ပြသဖို့ ညွှန်ကြားခဲ့ပါတယ်။

ပရိသတ်တစ်ဦးကတော့ “သူ(အမရာဘတ်) ကစားခံခဲ့ရပြီ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “သူကွင်းထဲကိုပြန်လာနိုင်မယ်လို့ တွေးခဲ့ပေမယ့် ကွင်းလယ်ဒိုင်က နိုးလို့ပြောခဲ့ပါတယ်”လို့ ဟာသလုပ်ရေးသားခဲ့ပါတယ်။

အမရာဘတ်တစ်ဦးတည်း အာဖရိကပြိုင်ပွဲမှာ ခက်ခဲနေတာမဟုတ်ပဲ ယူနိုက်တက်အသင်းဖော်ဂိုးသမား အိုနာနာလည်း ခက်ခဲနေတာဖြစ်ပါတယ်။ ကင်မရွန်းအသင်းဟာ ၁၆ သင်းအဆင့်မှာ နိုင်ဂျီးရီးယားကို အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဆီပြန်လာနေပြီဖြစ်ပါတယ်။

#အာဖရိကဖလား #အမရာဘတ် #မော်ရိုကို #တောင်အာဖရိက