ရှေ့သို့
Image

ကလော့ပ်က ဘိုင်ယန်မြူးနစ်နည်းပြ ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်း ပြောကြားလိုက်တဲ့ နူအာ

9:32 AM, 31 January

ကလော့ပ်ဟာ မာဆေးဆိုက်ကလပ်ကို ၉ နှစ်ကြာ တာဝန်ယူပြီးနောက် ရာသီကုန်တွင် လီဗာပူးနည်းပြရာထူးမှ နှုတ်ထွက်မှာဖြစ်ပါတယ်။ ဂျာမန်သားဟာ သောကြာနေ့မှာ အသင်းမှ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီး ကလပ်မှာ ဆက်ရှိနေဖို့ FSG ရဲ့ ကမ်းလှမ်းအသစ်ကို ပယ်ချခဲ့ပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့အနာဂတ်တွင် မည်သည့်နေရာတွင်ရှိနေမည်ကို အရိပ်အမြွက်များ မပြောပြခဲ့သော်လည်း လီဗာပူးအပေါ် သစ္စာစောင့်သိမှုအနေနဲ့ အခြားအင်္ဂလိပ်ကလပ်တစ်ခုကို နည်းပြမှာမဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့ပါတယ်။

"ကျွန်တော်ကတိပေးနိုင်ပါတယ်။ ကျွန်တော့်မှာ စားစရာမရှိအောင် ဖြစ်ခဲ့ရင်တောင် ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး" လို့ မီဒီယာသို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ကလော့ပ်ရဲ့ နိုင်ငံသားဖြစ်တည်မှုကြောင့် သူနဲ့ အမြဲချိတ်ဆက်နေမယ့် ကလပ်တစ်ခုမှာ လက်ရှိတွင် တူချယ်ကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ် ဖြစ်ပါတယ်။

တူချယ်ရဲ့အသင်းဟာ လက်ရှိဘွန်ဒက်စ်လီဂါရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဘိုင်ယန်မြူးနစ်အလုပ်သဘောသဘာဝကြောင့် ချဲလ်ဆီးနည်းပြဟောင်းအနေနဲ့ ၁၂ ကြိမ် ဆက်တိုက် လိဂ်ချန်ပီယံဆုကို မရယူနိုင်ခဲ့ရင် အံ့သြစရာတော့ မဟုတ်ပါဘူး။

ကလော့ပ်ရဲ့ ဒေါ့မွန်အပေါ် သစ္စာစောင့်သိမှုကလည်း ဘိုင်ယန်မြူးနစ်နည်းပြရာထူးအတွက် ထည့်သွင်းစဉ်းစားချိန်စရာ အချက်တစ်ချက် ဖြစ်နိုင်သော်လည်း ကစားသမားတွေနဲ့ နည်းပြနှစ်ဦးစလုံးဟာ ဂျာမန်အင်အားကြီးနှစ်သင်းကြားတွင် မကြာခဏဆိုသလို ပြောင်းရွှေ့လေ့ရှိကြပါတယ်။ မကြာသေးမီက ပရိသတ်များနှင့် တွေ့ဆုံစဉ်တွင် ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် နူအာက ကလပ်တွင် ကလော့ပ်ကို ခန့်အပ်နိုင်ချေရှိတဲ့ မေးခွန်းများကို မေးမြန်းခြင်းခံခဲ့ရပါတယ်။

နူအာက " ဘိုင်ယန်က ဒါကို ဆန့်ကျင်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ဘောလုံးသမားတွေနဲ့ အားကစားသမားတွေအားလုံးရဲ့ လေးစားမှုကို ရရှိထားတဲ့ ကျော်ကြားပြီး အရမ်းကောင်းကာ အတွေ့အကြုံရှိတဲ့ နည်းဗျူဟာကျကျ လိမ္မာပါးနပ်စွာလုပ်ကိုင်တက်တဲ့ နည်းပြတစ်ဦးဖြစ်လို့ပါ။ ဘိုင်ယန်အတွက် တစ်ချိန်ချိန် အလုပ်လုပ်နိုင်တဲ့ အလားအလာရှိတဲ့ နည်းပြတစ်ဦးပါ" "ဒါကို သူလုပ်ချင်တာပဲဖြစ်ဖြစ် မလုပ်ချင်တာပဲဖြစ်ဖြစ် အဲ့ဒါက သူ့ရဲ့ကိစ္စဆိုတာ သေချာပါတယ်။ သူအရင်ဆုံး အနားယူချင်တာလည်း ဖြစ်နိုင်ပါတယ်။ သူရဲ့နေ့စဉ်အလုပ်ကို မလိုချင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ တစ်နေ့မှာ သူ့ကို နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာဖို့ ကျွန်တော် တွေးကြည့်မိပါတယ်။ ဟုတ်ပါတယ်အဲဒါက သူ့အပေါ်မှာပဲ အဓိက မူတည်ပါတယ်"လို့ ပြောထားပါတယ်။

#ကလော့ပ် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #နူအာ