ရှေ့သို့
Image

ကလော့ပ်ရဲ့ကြေညာမှုနဲ့အတူ အနာဂတ်မသေမချာဖြစ်လာတဲ့ ဗန်ဒိုက်

11:28 AM, 30 January

လီဗာပူးကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကလော့ပ်ရဲ့ကြေညာချက်နဲ့အတူ နောက်ခံလူ ဗန်ဒိုက်ရဲ့အနာဂတ်ကလည်း မသေချာတဲ့အနေအထားဖြစ်လာပါတယ်။ ဗန်ဒိုက်ရဲ့စာချုပ်သက်တမ်းက ၁၈ လသာ ကျန်တော့တာဖြစ်ပြီး အသင်းမှာ ကာလရှည်ဆက်ရှိနေဖို့ မသေချာသေးတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်သားဟာ “ကလော့ပ်လက်အောက်မှာ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာနိုင်ချေများနေပါတယ်။ အဲ့တာက ကြီးမားတဲ့မေးခွန်းပါ။ ကျွန်တော်မသိသေးပါဘူး။ အသင်းလက်ထဲမှာ ကြီးမားတဲ့အလုပ်ရှိနေပါတယ်။ နည်းပြတင်မဟုတ်ပဲ ဝန်ထမ်းတွေအားလုံးကို အစားထိုးရမှာပါ။ အရာအားလုံးပြောင်းလဲရမှာပါ။ ကျွန်တော့်အခြေအနေက အခုအချိန်မှာ ဘာမှအများကြီးမပြောနိုင်သေးပါဘူး။ ပြောရရင် ကလော့ပ်ရဲ့ ခေတ်တစ်ခေတ်အဆုံးသတ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော် သူ့လက်အောက်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နိုင်ခဲ့လို့ အရမ်းဝမ်းသာမိပါတယ်။ အဲ့အကြောင်းပြောရတာ ကျွန်တော်မကြိုက်ပါဘူး။ အခုလည်း သူ့လက်အောက်မှာ ပါဝင်နေဆဲပါ။ ကျွန်တော့်ရဲ့အဓိကပစ်မှတ်က ရာသီအကုန်မှာ အောင်မြင်မှုရဖို့ပါ။ ကျွန်တော်တို့ိအိပ်မက်တွေအမှန်တကယ်ဖြစ်လာဖို့ တစ်နေ့ချင်းကြိုးစားရမှာပါ။  ရာသီအကုန်မှာ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

ကလော့ပ်နဲ့အတူ အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေလည်း ထွက်ခွာဖွယ်ရှိနေပါတယ်။ အနာဂတ်ကို မဆုံးဖြတ်ခင်မှာ ဗန်ဒိုက်က ဘယ်သူရောက်လာမလဲဆိုတာကို စောင့်ဆိုင်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အသင်းရဲ့စိတ်ဓာတ်ပိုင်းကိုတော့ တူညီတဲ့အနေအထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။

“ဘာမှအပြောင်းအလဲမရှိပါဘူး။ ရာသီအကုန်မှာ တစ်ချို့အရာတွေပြောင်းလဲမှာပါ။ အခုချိန်မှာတော့ ဘာမှမပြောင်းလဲပဲ တူညီတဲ့အနေအထားအတိုင်း ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အလုပ်ထက် အပြောကလွယ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်ရှိနေမယ်လို့ ကျွန်တော် ခံစားရပါတယ်။ နောဝစ်ချ်နဲ့ပွဲမှာလည်း အကောင်းဆုံးလုပ်နိုင်ခဲ့သလို အဲ့လိုမျိုးဆက်လုပ်နိုင်အောင် အာရုံစိုက်ရပါမယ်။ နည်းပြက ဘယ်လိုပဲပြောပြော ကျွန်တော်တို့ အခုအနေအထားကို မပြောင်းလဲအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ရာသီအကုန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်”လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကလော့ပ်နေရာကို ဂျာမန်မြေမှာ အောင်မြင်နေတဲ့ အလွန်ဆိုက အစားထိုးမယ်လို့ သတင်းကြီးနေသလို အခြားနည်းပြတွေအဖြစ် ဒီဇာဘီနဲ့ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူလည်း ပစ်မှတ်ထဲပါဝင်နေပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကလော့ပ် #ပရီးမီးယားလိဂ်