ရှေ့သို့
Image

ဆာချာဘိုယီအား ခေါ်ယူလိုက်ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်

12:51 PM, 29 January

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂါလာတာစာရေးညာနောက်ခံလူ ဆာချာဘိုယီကို ၄ နှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဂျာမန်ဘီလူးကြီးတွေဟာ စာချုပ်မချုပ်မီတွင် ညာနောက်ခံလူသစ်တစ်ဦးကို ရှာဖွေနေပြီး နယူးကာဆယ်စတား ထရစ်ပီယာကို ပစ်မှတ်ထားရှိထားကာ အခုတော့ အိုယေးဟာ နံပါတ် ၂၃ အင်္ကျီကို ဝတ်ဆင်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

"ဒါက ကျွန်တော့်အတွက် အိပ်မက်တစ်ခု တကယ်ဖြစ်လာခဲ့တာပါ။ ဘိုင်ယန်လို ကလပ်အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ အသင်းသစ်ကို မျှော်လင့်နေပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသင်းဖော်တွေနဲ့အတူ ကစားခွင့်ရတာ အရမ်းဂုဏ်ယူမိပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ တိုက်စစ်ကို သဘောကျတဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး ခံစစ်မှာ ပါဝင်ရတာကို ပျော်ရွှင်မိပါတယ်" လို့ ကလပ်ရဲ့မီဒီယာသို့ ဘိုယီက ပြောပါတယ်။

တော့တင်ဟမ်နောက်ခံလူ အဲရစ်ဒိုင်ယာကို ခေါ်ယူပြီးနောက် ဘိုယေးရဲ့ ရောက်ရှိလာမှုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘိုင်ယန်မြူးနစ်ရဲ့ ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။

ဘိုင်ယန်အားကစားဒါရိုက်တာ ဖရန်းက "ဘိုယီဟာ အလွန်လျင်မြန်ပြီး ကြံ့ခိုင်မှုရှိတဲ့ ညာနောက်ခံလူတစ်ယောက်ဖြစ်ပြီး မည်သည့်ဖျက်ထုတ်မှုကိုမဆို လုပ်ဖို့တွန့်ဆုတ်နေမယ့်သူမဟုတ်ပါဘူး" "သူဟာ ဂါလာတာစာရေးမှာ ပရိသတ်တွေ သဘောကျတဲ့ ကစားသမားဖြစ်ပြီး နှစ်တွေကြာလာတာနဲ့အမျှ တိုးတက်ကောင်းမွန်လာခဲ့ကာ ချန်ပီယံလိဂ် အတွေ့အကြုံရှိကာ ပြီးခဲ့တဲ့ရာသီက ဂါလာတာစာရေးနဲ့အတူ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ခံစစ်အရည်အသွေးကို မြှင့်တင်နိုင်မှာပါ" လို့ ပြောပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် မာဇာအိုယူက ဒဏ်ရာရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ညာနောက်တန်းနေရာတွင် ကစားသမားရွေးချယ်ဖို့က နည်းပါးခဲ့ပြီး ကွင်းလယ်ကစားသမား လီမာကလည်း ကြံ့ခိုင်မှုပြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ကနေဒါလက်ရွေးစင် အယ်လ်ဖွန်ဆိုဒေးဗီးစ်အား ရီးရဲလ်မက်ဒရစ်က ခေါ်ယူရန် ကြိုးပမ်းနေစဉ်တွင် ပိုမိုကောင်းမွန်တဲ့ စာချုပ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပါတယ်။

ကင်မစ်ချ်ရဲ့အနာဂတ်ကလည်း ကောလာဟလထွက်နေတာကြောင့် အာဆင်နယ်ပစ်မှတ် ဇာဘီမန်ဒီကို ခေါ်ယူနိုင်ရေး ဘိုင်ယန်မြူးနစ်က စောင့်ကြည့်နေပါတယ်။ သောမတ်တူချယ်ရဲ့အသင်းဟာ စနေနေ့တွင် အော့စ်ဘတ်ကို၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါကို ဦးဆောင်နေတဲ့ လေဗာကူဆင်နှင့် အမှတ်ကွာဟမှုကိုလျှော့ချနိုင်ခဲ့ပါတယ်။

အလွန်ဆိုရဲ့အသင်းဟာ မိုချန်ဂလာဘတ်နှင့် သရေကျခဲ့သလို လီဗာပူးနည်းပြ ကလော့ပ်ရဲ့ထွက်မှုကြောင့် နည်းပြအလွန်ဆိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ကောလာဟလမျိုးစုံထွက်ပေါ်နေပါတယ်။

#ဂါလာတာစာရေး #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဆာချာဘိုယီ