ရှေ့သို့
Image

အင်တာမီလန်က စကူဒက်တိုဖလားအတွက် ရေပန်းအစားဆုံးလို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီပြောကြား

9:05 AM, 29 January

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အင်တာမီလန်နဲ့ပွဲမတိုင်ခင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုစတင်ခဲ့ပြီး အင်တာမီလန်က စကူဒက်တိုဖလားအတွက် ရေပန်းအစားဆုံးလို့ ပြောကြားလိုက်ပါတယ်။

လာမယ့်အပတ် သူတို့ ၂ သင်းဟာ တွေ့ဆုံကြမှာဖြစ်ပြီး စီးရီးအေမှာလည်း ၂ သင်းကြား ၂ မှတ်လောက်သာ ကွာဟနေပါတယ်။ အယ်လီဂရီကတော့ ၂ သင်းကြား နီးစပ်မှုတွေရှိနေပေမယ့် အင်တာမီလန်က ရေပန်းအစားဆုံးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒါဘီပြိုင်ပွဲတွေက အမြဲတမ်းကို ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ကွင်းထဲမှာလည်း အတူတူပါပဲ။ ကျွန်တော်တို့ ရလဒ်ကောင်းရယူနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး အီတလီမှာ အကောင်းဆုံးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်တာကတော့ စီးရီးအေချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးပါ”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့ အမ်ပိုလီနဲ့ပွဲမှာသာ အနိုင်ရခဲ့ပြီး ဒါဘီပွဲကိုသာ ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားကို ပြတ်သားစွာ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သရေကျခဲ့တာကြောင့် အင်တာမီလန်က ဖီအိုနဲ့ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ဇယားကို ပြန်လည်ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

၂ သင်းကြားကွာဟမှုကလည်း ကျဉ်းမြောင်းတာကြောင့် လာမယ့်ဖေဖော်ဝါရီလ ၄ ရက်နေ့က ပွဲကောင်းတစ်ပွဲဖြစ်လာဖွယ်ရှိနေပါတယ်။

#စီးရီးအေ #အင်တာမီလန် #ဂျူဗင်တပ်စ် #အယ်လီဂရီ