ရှေ့သို့
Image

အာဆင်နယ်ကို ကျော်ဖြတ်ကာ ချန်ပီယံရှစ် ကွင်းလယ်လူအား ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူနိုင်တော့မယ့် ဘရိုက်တန်

12:10 PM, 28 January

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်မှ တန်းဆင်းမှုတွင် လက်စတာမှာ ဆက်လက်ရှိနေခဲ့ပြီး ထိပ်တန်းအဆင့်သို့ပြန်လည်ရောက်ရှိရန် စိန်ခေါ်မှုများစွာ ရှိနေပါတယ်။ လက်ရှိရာသီ အသင်းရဲ့အရေးပါဆုံးကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းအပေါ် မာရက်စ်ကာ ဒေါသထွက်နေမှာဖြစ်သော်လည်း ဘရိုက်တန်ကတော့ လက်စတာတောင်းဆိုထားတဲ့ ပေါင်သန်း ၃၀ ကို ပေးချေလိုနေတာဖြစ်ပါတယ်။


The Athletic ၏ ဖော်ပြချက်အရ အာဆင်နယ်ကလည်း စိတ်ဝင်စားနေသလို ဘရန့်ဖို့ဒ်ကလည်း ဒူစ်ဘယ်ရီဟောကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။ လက်စတာအနေနဲ့ အဆိုပါပြောင်းရွှေ့ကြေးကို လက်ခံဖို့အင်တင်တင်ဖြစ်နေသော်လည်း ဥရောပဝင်ခွင့်ကြောင့် ကစားသမားရဲ့ဆုံးဖြတ်ချက် ယိမ်းယိုင်သွားဖွယ်ရှိနေပါတယ်။


ဖူလ်ဟမ်ဟာ ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေသော်လည်း ဒီဇာဘီရဲ့ ဘရိုက်တန်ကသာ လက်ရှိအနေအထားမှာ ရှေ့ဆုံးမှာရှိနေတာဖြစ်ပါတယ်။ FFP စည်းမျဉ်းများကို ဖောက်ဖျက်မိမှာကို စိုးရိမ်ရတာကြောင့် အာဆင်နယ်ဟာ အသင်းရဲ့ အသုံးစရိတ်များကို နွေရာသီအထိ အသုံးမပြုဖို့ အလားအလာ ပိုများနေပုံရပါတယ်။


တိုက်စစ်မှူးသစ်တစ်ဦးကသာ ဦးစးပေးဖြစ်ပြီး အာတီတာရဲ့ရေဒါထဲတွင် အိုဆီမန်နှင့် အိုင်ဗန်တိုနေးတို့ နှစ်ဦးစလုံးရှိနေပါတယ်။ သောမတ်ပါတေး၊ ဂျော်ဂျင်ဟို နှင့် မိုဟာမက်အယ်နီနီတို့ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး သံသယများရှိနေတာကြောင့် ကွင်းလယ်အတွက် အင်အားဖြည့်တင်းဖို့ အစီစဉ်လည်းရှိနေပါတယ်။


ဂါနာလက်ရွေးစင် ပါတေးဟာ အနည်းဆုံး အောက်တိုဘာလလယ်ကတည်းက လေ့ကျင့်ခန်းဆင်းခဲ့ပြီး ပထမအသင်းနှင့်အတူလေ့ကျင့်မှု အပြည့်အဝပြန်ရခဲ့ပါတယ်။ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့တဲ့ ဒီကလန်ရိုက်စ်ထံ ပွဲထွက်ခွင့်ပေးလိုက်ရပြီးနောက် သူဟာ နွေရာသီတွင် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ရန်အတွက် ချိတ်ဆက်မှုများရှိနေပါတယ်။


ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်း ရောက်ရှိလာခြင်းကြောင့် ပါတေးကို အရန်ကစားသမားအဖြစ်သာ ရာသီအစတွင် မြင်တွေ့ခဲ့ရပါတယ်။

သူ့ရဲ့ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာမှုဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး အခွင့်အရေးကို ကာကွယ်ဖို့ ပွဲစဉ်များစွာ ကစားရမယ့် အာဆင်နယ်အတွက် အချိန်ကိုက်ဖြစ်ပြီး အာတီတာရဲ့အသင်းဟာ နော်တင်ဟမ်ဖောရက်စ်နှင့် စတင်ပြီး ကစားရမှာဖြစ်ပါတယ်။

#လက်စတာ #ဘရိုက်တန် #အပြောင်းအရွှေ့ #ပရီးမီးယားလိဂ်