ရှေ့သို့
Image

ဖီဖာရဲ့ ၃ နှစ်အနားပေးခံရမှု အယူခံဝင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ ရူဘိုင်လက်စ်

11:56 AM, 28 January

ဖီဖာကတော့ စပိန်ဘောလုံးဥက္ကဌဟောင်း ရူဘိုင်လက်စ်က ဖီဖာရဲ့ ၃ နှစ်အနားပေးခံရမှုအယူခံဝင်ရာမှာ အရေးနိမ့်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီတုန်းက ကမ္ဘာ့ဖလားဖိုင်နယ်မှာ အင်္ဂလန်ကိုအနိုင်ရခဲ့ပြီးနောက် ရူဘိုင်လက်စ်က စပိန်စတား ဟာမိုဆိုကို သူမရဲ့ဆန္ဒမပါပဲ အနမ်းပေးခဲ့တာဖြစ်ပါတယ်။


ရူဘိုင်လက်စ်ကတော့ ဖီဖာရဲ့ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ “အမျိုးသမီးကမ္ဘာ့ဖလားဖိုင်နယ်အပြီးမှာ ရူဘိုင်လက်စ်တစ်ယောက် ဖီဖာရဲ့စည်းမျည်း ၁၃ ကို ချိုးဖောက်ခဲ့တဲ့လုပ်ရပ်ကောင့် အခုအယူခံကို ပယ်ချခဲ့တာပါ”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


ဘောလုံးရပ်ဝန်းကနေ အနားပေးခံရမှုအပြင် ရူဘိုင်လက်စ်ဟာ စပိန်ဥပဒေတွေကြောင့် ထောင်ကျမယ့်အရေးနဲ့ပါ ရင်ဆိုင်နေရပါတယ်။

အသက် ၄၆ နှစ်သားကတော့ ဟာမိုဆိုတစ်ယောက် လိမ်ညာပြောဆိုနေတာလို့ မကြာသေးခင်တုန်းက ပြောကြားခဲ့ပါတယ်။

အယူခံပယ်ချခံခဲ့ရပြီးနောက် ရူဘိုင်လက်စ်အနေနဲ့ တရားရင်ဆိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ရဖွယ်ရှိနေပါတယ်။

ယူအီးအက်ဖ်အေဥက္ကဌဟောင်းကတော့ အပြစ်တွေ့ရှိခဲ့ရင် ထောင်ကျမယ့်အရေးနဲ့ရင်ဆိုင်ရဖွယ်ရှိနေကာ အဆိုပါအခြေအနေကို ရှောင်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။


#ဖီဖာ #စပိန် #ရူဘီလက်စ်