ရှေ့သို့
Image

အကောင်းဆုံးကစားသမားဆုအတွက် မက်ဆီရရှိခဲ့တာကို အငြင်းပွားစရာမလိုကြောင်း စကာလိုနီ ပြောကြား

11:04 AM, 28 January

အာဂျင်တီးနားနည်းပြ စကာလိုနီက မက်ဆီဟာ ဖီဖာအကောင်းဆုံးကစားသမားဆုနဲ့ထိုက်တန်တဲ့သူဖြစ်ပြီး အငြင်းပွားစရာမလိုကြောင်း ပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ၂၀၂၃ ခုနှစ်ရဲ့အကောင်းဆုံးဆု မန်စီးတီးစတား ဟာလန်း နဲ့ ပီအက်စ်ဂျီစတား ဘာပေတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။


အာဂျင်တိုင်းသား အဆိုပါဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားထဲမှာ အငြင်းပွားမှုတွေရှိနေပေမယ့် စကာလိုနီက မက်ဆီရဲ့အောင်မြင်မှုကို မေးခွန်းထုတ်စရာမလိုဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။


“ဘောလုံးရပ်ဝန်းမှာ အငြင်းပွားမှုတွေရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘောလုံးသမား ဒါမှမဟုတ် နည်းပြတစ်ဦးဘာကြောင့်ဆုရတယ်ဆိုတာ အငြင်းပွားစရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။

မက်ဆီ ဒါမှမဟုတ် ဟာလန်းအနိုင်ရခဲ့ရင် အဲ့တာက အဆင်ပြေပါတယ်။ မီဒီယာတွေကြောင့် အခုလိုမျိုးဖြစ်နေတာပါ။ မက်ဆီဆုရတာက သူနဲ့ထိုက်တန်လို့ပါ”လို့ စကာလိုနီက ပြောကြားခဲ့ပါတယ်။


၂၀၂၃ ခုနှစ်မှာ စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ခဲ့ပေမယ့် မက်ဆီဟာ ဆုဖလားအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၂ အကုန်တုန်းက အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့ပြီးနောက် မက်ဆီဟာ ပီအက်စ်ဂျီကနေထွက်ခွာပြီး အင်တာမိုင်ယာမီကိုပြောင်းရွှေ့ခဲ့ပါတယ်။


ဒါပေမယ့်လည်း အင်တာမိုင်ယာမီဟာ မေဂျာလိဂ် play-off ကစားခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဟာလန်းကတော့ စီးတီးအသင်း ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့သလို ဘာပေကလည်း ပီအက်စ်ဂျီကို လီဂူးဝမ်းဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


အသက် ၃၆ နှစ်သာူဟာ လာမယ့်အပတ်မှာ မဟာပြိုင်ဘက် ရော်နယ်ဒိုရဲ့အယ်လ်နာဆာနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပွဲထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

အင်တာမိုင်ယာမီရဲ့မေဂျာလိဂ်ပွဲစဉ်ဟာ လာမယ့်ဖေဖော်ဝါရီနှောင်းပိုင်းမှာ Real Salt Lake နဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ဖီဖာ #အာဂျင်တီးနား #မက်ဆီ