ရှေ့သို့
Image

ချဲလ်ဆီးစတားဘရိုဂျာကို ဟယ်ရီကိန်းနဲ့ နှိုင်းယှဉ်လိုက်တဲ့ ပိုချက်တီနို

1:58 PM, 27 January

အသက် ၂၂ နှစ်အရွယ် ဘရိုဂျာဟာ ပြီးခဲ့တဲ့ရာသီမှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ယခုရာသီမှာ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားထားပါတယ်။ ချဲလ်ဆီးရဲ့တိုက်စစ်မှာ ရွေးချယ်စရာများ နည်းပါးနေသော်လည်း အယ်လ်ဘေးနီးယား လက်ရွေးစင်ဟာ ယခုလတွင် အသင်းမှထွက်ခွာရန် အပြင်းအထန် ချိတ်ဆက်နေသူများထဲတွင် ပါဝင်နေပါတယ်။

အကယ်ဒမီထွက် ဘရိုဂျာကိုရောင်းချခြင်းဟာ ၁၀၀% အမြတ်နှင့်အတူ ဘဏ္ဍာရေးမျှတစည်းမျဉ်းများကိုလိုက်နာရန်အတွက် အသင်းရဲ့ဟန်ချက်ကို ညီအောင်ထိန်းညှိခြင်းရဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။

ဝုဖ်၊ ဖူလ်ဟမ်နှင့် ဝက်စ်ဟမ်းအသင်းတို့ဟာ တိုက်စစ်မှူးကို ခေါ်ယူလိုကြပြီး သူ့ရဲ့အခြေအနေကို ပိုချက်တီနိုက တော့တင်ဟမ်ကနေ အငှားသွားရောက်ကစားပြီးနောက် အသင်းမှ အမှန်တကယ်ထွန်းတောက်လာခဲ့တဲ့ ဟယ်ရီကိန်းရဲ့အခြေအနေနှင့် နှိုင်းယှဉ်ကာ သူ့ကို ငယ်ရွယ်တဲ့ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

"အဓိက တိုက်စစ်မှူးတွေအားလုံးက ငယ်ရွယ်တုန်းမှာ အချိန်လိုပါတယ်"ဟု အက်စတွန်ဗီလာနှင့်ကစားမယ့် အက်ဖ်အေဖလားပွဲ မတိုင်မီတွင် ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ "သူတို့ရဲ့ ကိုယ်ပိုင်ဟန်ကို ရှာရမှာပါ။ ဒါပေမယ့် သူက အံ့သြစရာကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ဖို့ အလားအလာရှိတယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ" "ဒီလိုလုပ်ဆောင်မှုတွေက အချိန်ယူရပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း ကိန်းနဲ့နှိုင်းပါတယ်။ သူဟာ လေတန်အိုးရီယန့်နှင့် နော့ဝှစ်ချ်သို့ အငှားသွားရောက်ကစားခဲ့ပြီး သူရဲ့အကောင်းဆုံးကို ရှာဖွေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမ ၆ လတွင် သူက ဒီဇင်ဘာနှင့် ဇန်န၀ါရီလတွင်သာ ခြေစွမ်းပြခဲ့ပြီး အဲ့ဒီအချိန်မှာ သူရဲ့အလားအလာကို မြင်တွေ့လာရပါတယ်" "သူက ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြီးကြီးမားမားရရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ကြီးမားတဲ့ အကြံဉာဏ်ကို သူ့နောက်မှာထားဖို့ လိုပြီး ဒါတွေက အမြဲတမ်းခက်ခဲပါတယ်။ ပြီးတော့ ကျွန်တော်တို့ ချဲလ်ဆီးမှာ ရှိနေပြီး သူက ဒရော့ဘာ၊ ဟက်ဆယ်ဘိန့်ခ်နဲ့ တခြားသူတွေလို အကြီးကျယ်ဆုံး တိုက်စစ်မှူးတွေနဲ့ ယှဉ်ပြီးပေးပို့ဖို့ ကြိုးစားနေပါတယ်။ လူငယ်တစ်ယောက်အတွက် အမြဲတမ်း ခက်ခဲပါတယ်" လို့ နည်းပြက ပြောပါတယ်။

ဘရိုဂျာရဲ့ အနာဂတ်က အမျိုးမျိုးသော ထင်ကြေးပေးမှုများအောက်တွင် ရှိနေသော်လည်း ပိုချက်တီနိုက ဟယ်ရီကိန်းလို ကစားသမားဘဝ အမြင့်သို့ရောက်လိုပါက ဒါကို ကိုင်တွယ်ဖြေရှင်းရန် သင်ယူရမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

"ဒါဟာ စီးပွားရေရဲ့ တစ်စိတ်တစ်ပိုင်း၊ ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ချဲလ်ဆီးမှာရှိချင်ရင် ကောင်းကောင်း စွမ်းဆောင်ပြီး ဂိုးတွေသွင်းလိုက်ရင် အဲဒီမှာ ရှိနေပါပြီ။ ဂိုးမသွင်းရင်လည်း ရှိနေမှာဖြစ်သလို ကစားရသည်ဖြစ်စေ မကစားရသည်ဖြစ်စေ ရှိနေမှာပါ" "နောက်ဆုံးမှာတော့ လွတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီဘောလုံးအသင်းနှင့် ချဲလ်ဆီးအသင်းမှာရှိခြင်းရဲ့ အကျိုးကျေးဇူးအားလုံးကို လိုချင်ရင် ဒါဟာ ကြီးမားတဲ့တာဝန်တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ လက်ခံထားဖို့ လိုအပ်ပါတယ်။ အမြဲတမ်း ဝေဖန်ခံရမှာဖြစ်သလို ဒါဟာ ပုံမှန်ပါပဲ။ အဲ့ဒါက ကျွန်တော်တို့အလုပ်ပါပဲ" "ဒီလောကာကျင်လည်ပြီး ဘောလုံးကစားချင်ရင် တာဝန်ယူရမှာပါ ဒါကို လုပ်ငန်းတစ်ခုလို့ လက်ခံရမယ်။ အကယ်၍ နည်းပြ ဒါမှမဟုတ် ဝန်ထမ်း သို့မဟုတ် ကစားသမားတစ်ဦးဖြစ်မယ်ဆိုရင် ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ရင်ဆိုင်နိုင်ခြင်းမရှိဘူးဆိုရင် ထိပ်တန်းအဆင့်မှာရှိနေဖို့ ခက်ခဲပါတယ်။ ဘောလုံးကစားနိုင်ပေမယ့် ဒီအဆင့်ကိုရောက်မှာမဟုတ်ပါဘူး" လို့ ပိုချက်တီနိုက ပြောပါတယ်။

#ချဲလ်ဆီး #ဘရိုဂျာ #ပိုချက်တီနို #ပရီးမီးယားလိဂ်