ရှေ့သို့
Image

FFP စည်းမျဉ်းကြောင့် ဘန်ဇီးမားကို ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ငြင်းဆိုလိုက်တဲ့ ယူနိုက်တက်

3:19 PM, 26 January

အသက် ၃၆ နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ ဆော်ဒီပရိုလိဂ်တွင် ၆ လကြာ ကစားခဲ့ပြီးနောက် အဆိုပါလိဂ်မှ ထွက်ခွာရန် လမ်းကြောင်းရှာနေပါတယ်။

လက်ကျန်ရာသီအတွက် အထောင်တိုက်စစ်မှူးအဖြစ် ဟွိုက်လန်းတစ်ဦးတည်းသာ ရှိပေမယ့်လည်း ယူနိုက်တက်ဟာ ဆွေးနွေးမှုမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ငြင်းဆိုခဲ့တဲ့ရတဲ့ အကြောင်းကတော့ တစ်နှစ်လျှင် ပေါင် ၈၆ သန်း ရရှိနေတဲ့ ကစားသမားကို အိုးထရက်ဖို့ဒ်သို့ ခေါ်ယူရာတွင် ပါဝင်သော မတန်တဆ ပမာဏများကြောင့် ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘဏ္ဍာရေးမျှတစည်းကမ်းရဲ့လမ်းညွှန်ချက်များအတိုင်းနေရန် အသင်းရဲ့ကိုယ်ပိုင်လုပ်ခလစာနှင့် အသုံးစရိတ်များကို ဂရုတစိုက်လုပ်ဆောင်နေရပါတယ်။ ဘန်ဇီးမားဟာ နွေရာသီတွင် ရီးရဲလ်မက်ဒရစ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အယ်လ်အီတီဟတ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သူဟာ ပွဲ ၂၀ မှာ ၁၂ ဂိုး သွင်းယူ ထားပေမယ့် အရှေ့အလယ်ပိုင်းရှိသူ့ရဲ့ကလပ်သစ်ဟာ မျှော်လင့်ထားသလို ဖြစ်မလာဘဲ အဆင့် ၇ နေရာတွင် ရပ်တည်ကာ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး ယခုလ ဆောင်းရာသီအားလပ်ရက်မှ ၁၇ ရက်အထိ နောက်ကျပြီးမှ ပြန်ထွက်လာကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

သို့သော်လည်း ဆော်ဒီကနေ ထွက်ခွာချင်နေပါတယ်လို့ ပြောဆိုမှုတွေက မှားယွင်းကြောင်း ယခုရက်သတ္တပတ်တွင် ကစားသမားက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်တွင် လက်ကျန်ရာသီကို အန်တိုနီမာရှယ်က လွဲချော်ရတော့မှာ ဖြစ်တာကြောင့် အထောင်တိုက်စစ်မှူးအဖြစ် ဟွိုက်လန်း တစ်ဦးတည်းသာ ကျန်ရှိနေတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ပေါင်ခြံခွဲစိတ်မှုခံယူခဲ့ရပြီး အချိန်အတော်ကြာ အနားယူခြင်းနှင့် ပြန်လည်ထူထောင်ရေးများကို ခံယူရမှာဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်ကလည်း ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးရန် ရွေးချယ်ခွင့်ကို လုပ်ဖို့အတွက် ကလပ်ဘက်မှ ဆန္ဒမရှိနေတာ ဖြစ်ပါတယ်။

သူဟာ ၂၀၂၃-၂၄ ရာသီတွင် ပရီးမီးယားလိဂ် ၅ ပွဲမှာသာ စတင်ကစားနိုင်ခဲ့ပြီး နောက်ဆုံး ၅ ပွဲကို အဖျားရောဂါကြောင့် လွဲချော်ခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်ဇီးမား #ပရီးမီးယားလိဂ်