ရှေ့သို့
Image

နယူးပေါ့ထ်နှင့် ကစားမယ့် အက်ဖ်အေဖလား ပွဲမတိုင်မီ ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်

3:09 PM, 26 January

ဇန်နဝါရီ ၁၄ ရက် တော့တင်ဟမ်နဲ့ ၂-၂ ဂိုးဖြင့် သရေကျပြီးကတည်းက ယူနိုက်တက်ဟာ ခြေစွမ်းပြနိုင်ခြင်း မရှိသေးပါဘူး။

တန်ဟက်ရဲ့ ကြယ်ပွင့်အများစုဟာ ပွဲကျပ်တဲ့ခရစ္စမတ်ကာလအပြီးတွင် အင်အားပြန်လည်ဖြည့်တင်းရန် ဒူဘိုင်းတွင် အပန်းဖြေအနားယူခဲ့ကြပါတယ်။ ယခုအခါ ကစားသမားအားလုံးဟာ ကာရင်တန်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ယခုရက်သတ္တပတ်ကုန်တွင် နယူးပေါ့ထ်နှင့် ကစားမယ့် အက်ဖ်အေဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။

အလှည့်အပြောင်းတွေပြန်ရဖို့အတွက် ဇန်နဝါရီ ၁၂ ရက်ကတည်းက ပွဲစဉ်များမကစားထားရတဲ့ ယူနိုက်တက်ဟာ ဘန်လေအသင်းနဲ့ လေ့ကျင့်ရေးကွင်းမှာ ခြေစမ်းပွဲ ကစားခဲ့ပါတယ်။ The Atheltic ရဲ့အဆိုအရ ဘန်လေဟာ ယူနိုက်တက်ကို ၃-၁ ဂိုး ဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင်အသင်းအတွက် အန်တိုနီက ပင်နယ်တီမှတဆင့် ဂိုးသွင်းယူပေးခဲ့ပါတယ်။

ခရစ္စမတ်မတိုင်ခင်ကတည်းက မကစားရသေးတဲ့ လုခ်ရှောနဲ့ မက်ဂွါရီတို့နဲ့ဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာပြီဖြစ်ပြီး ဒါဟာ တန်ဟက်အတွက် သတင်းကောင်းလည်းဖြစ်ပါတယ်။ ကက်စ်မဲရိုး၊ မာတီနက်ဇ်နှင့် ဒီယာလိုတို့ကလည်း ယူနိုက်တက် မကြာခင်မှာ ပြန်ကစားနိုင်တော့မှာဖြစ်လို့ ယူနိုက်တက်က အင်အားတောင့်တင်းလာတော့မှာပါ။

သို့သော်လည်း ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကြောင့် ပရိသတ်တွေက တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ဆိုရှယ်မီဒီယာမှာ "ဒီရက်ပိုင်း ဘာမှ မတုန်လှုပ်ပါဘူး" လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ ဒုတိယပရိသတ်တစ်ဦးက "လိဂ် အနေအထားနှင့် နယူးပေါ့ထ်ရဲ့ပုံစံကို စစ်ဆေးရမှာပါ" လို့ ရေးသားခဲ့ပါတယ်။ တတိယတစ်ယောက်က "တန်ဟတ်ကို ဖယ်ထုတ်လိုက်ပါ" လို့ ရေးထားပါတယ်။ နောက်တစ်ယောက်ကတော့ "ငါတို့က အရမ်းမိုက်နေပြီဟေ့" လို့ စိတ်ရှုပ်ထွေးစွာ ပြောထားပါတယ်။

ဘန်လေဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး ဒီရာသီ ၂၁ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားပါတယ်။ ယူနိုက်တက်အသင်းရဲ့ အက်ဖ်အေဖလားပြိုင်ဘက် နယူးပို့ထ်ဟာ လိဂ် ၂ ရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

ကော့ချ်လန်ရဲ့အသင်းဟာ Non League ကလပ်ဖြစ်တဲ့ အီစ်လိချ်ကို ပြန်ကန်ပွဲတွင် ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး စတုတ္ထအဆင့်သို့ တက်လာခဲ့တာဖြစ်ပါတယ်။ သူတို့အသင်းဟာ အစောပိုင်းပွဲတွေဖြစ်တဲ့ အိုးလ်ဟမ်နှင့် ဘားနက်တို့ကို အနိုင်ယူခဲ့ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းက နာရီဝက်အတွင်းမှာ ယူနိုက်တက် - နယူးပေါ့ထ် ပွဲစဉ်အတွက် လက်မှတ်တွေ ကုန်သွားပါပြီ။ ပြီးခဲ့သော ရက်သတ္တပတ်က အသင်းရဲ့လက်မှတ်ရုံးတွင် ပရိသတ်များနှင့် ဝန်ထမ်းများကြား ထိပ်တိုက်တွေ့ခဲ့ပြီးနောက် စတုတ္ထတန်းကလပ်ဟာ ပွဲအတွက် နောက်ဆုံးလက်မှတ်များကို အွန်လိုင်းမှ ရောင်းချခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခြေစမ်းပွဲ