ရှေ့သို့
Image

အန်တိုနီရဲ့အခြေအနေကို ဒေါသထွက်နေတဲ့ ယူနိုက်တက်စတားဟောင်း ဘာဘာတော့ဗ်

2:26 PM, 26 January

ယူနိုက်တက်ဂန္ထဝင်ဟောင်း ဘာဘာတော့ဗ်က သူ့အနေနဲ့ အန်တိုနီရဲ့အခြေအနေကို ဒေါသထွက်နေကြောင်း ဝန်ခံပြောကြားလိုက်ကာ တကယ်လို့ ဘရာဇီးသားအနေနဲ့ တိုးတက်မှုမရှိဘူးဆိုရင် ယူနိုက်တက်ကနေ ထွက်ခွာဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ အန်တိုနီဟာ ၂၀၂၂ စက်တင်ဘာတုန်းက အေဂျက်ကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်ရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ပထမဆရာသီတုန်းက အန်တိုနီဟာ ပြိုင်ပွဲစုံ ၈ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ စွမ်းဆောင်ရည်ကျဆင်းနေတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ယူနိုက်တက်စတားဟောင်း ဘာဘာတော့ဗ်က အခုလိုမျိုး ဘရာဇီးသားကို ဝေဖန်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော် အန်တိုနီကို စာနာမိပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အရည်အချင်းကောင်းတွေ ရှိနေပါတယ်။ သူလုပ်ပြနိုင်တယ်ဆိုတာလည်း ကျွန်တော်မြင်ရပါတယ်။ သူကစားချိန်မှာ သူ့ကိုကြည့်ရတာ စိတ်ဆိုးမိသလို စိတ်လည်းပျက်မိပါဘယ်။ ဘာလို့လဲဆိုတေ့ သူက မဖြစ်သင့်တာတွေလုပ်ပြနေသလို ဘောလုံးလည်း ဆုံးရှုံးပါတယ်။ အဲ့တာက ပိုပြီးဒေါသထွက်စေပါတယ်။ အန်တိုနီအနေနဲ့ ကွင်းထဲမှာ ပိုကောင်းအောင် စွမ်းဆောင်သင့်ပါပြီ။ အဖြေမရဘူးဆိုရင် သူ့အနေနဲ့ ကိုယ်တိုင် နဲ့ နည်းပြ ဒါမှမဟုတ် သူငယ်ချင်း ၊ အေးဂျင့် ၊ သူ့အဖေတွေဆီကနေ အကြံတောင်းသင့်ပါတယ်”

“ကျွန်တော့်အတွက်တော့ ပရိသတ်တစ်ယောက်အနေနဲ့ သူ့ကိုကြည့်ရတာ စိတ်ပျက်မိပါတယ်။ အခြားသူတွေနဲ့လည်း သူ့ကိုမနှိုင်းချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားတိုင်းက ခက်ခဲတတ်တာကြောင့်ပါ။ သူ့အနေနဲ့ တိုးတက်မှုမရှိဘူးဆိုရင် ယူနိုက်တက်ကနေ ထွက်ခွာဖို့သင့်ပါပြီ။ ရာသီတစ်ခုနဲ့တင် တစ်စုံတစ်ယောက်ကို အကဲဖြတ်ရတာ တိုတောင်းပါတယ်။ အန်တိုနီက အခုထက်ပိုထိုက်တန်ပါတယ်။ သူတိုးတက်မှုရှိလာမယ်ဆိုရင် အဲ့တာက အသင်းအတွက် ပိုကောင်းလာမှာပါ။ သူ့အနေနဲ့ စိတ်ပိုင်းကော ရုပ်ပိုင်းမှာပါ အကောင်းဆုံးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီရာသီအကုန်မှာမှ သူ့အနေနဲ့ မတိုးတက်လာရင် အသင်းပြောင်းသင့်ပါပြီ”လို့ ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အတွက် အန်တိုနီဟာ ၆၆ ပွဲအထိ ပါဝင်ကစားပေးထားကာ ဆော်ဒီမြေက ဘရာဇီးသားကို ချိတ်ဆက်မှုတွေရှိနေပါတယ်။ အန်တိုနီရဲ့စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေပြီး လာမယ့်အက်ဖ်အေဖလား ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်လာဖွယ်ရှိနေပါတယ်။

အဲ့နောက် ယူနိုက်တက်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဝုဗ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
 

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #ဘာဘာတော့ဗ် #ပရီးမီးယားလိဂ်