ရှေ့သို့
Image

လီဂူးဝမ်းပွဲစဉ်(၁၉) လိုင်ယွန် - ရန်းနက်စ် ပွဲကြိုခန့်မှန်းချက် (မနက် - ၂း၃၀)

2:22 PM, 26 January

လိုင်ယွန် - ရန်းနက်စ် ဒဏ်ရာရ/ပွဲပယ်

=================
လိုင်ယွန် - ဂျိုဟန်၊ အာနက်စ်၊ ဘယ်လ်ဒီ(သေချာပေါက်လွဲ)၊ ကာလီတာကာ(ပွဲပယ်ပြစ်ဒဏ်)။
ရန်းနက်စ် - မာတစ်၊ ခရစ္စတိုဖာ(သေချာပေါက်လွဲ)၊ အိုမာရီ(ပွဲပယ်ပြစ်ဒဏ်)။

ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိအနိုင်ရရှိခဲ့တဲ့ လိုင်ယွန်တို့ လိဂ်မှာတော့ တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခြင်းမရှိမသေးပါဘူး။ ဒါပေမယ့် ဒီပွဲနိုင်ရင်တော့ တန်းဆင်းဇုန်ကနေလွတ်မြောက်နိုင်ဖို့ အလားအလာရှိနေပါတယ်။

ရန်းနက်စ်ကလည်း ရလဒ်ကောင်းတွေပြန်ရနေပြီး နောက်ဆုံး ၅ ပွဲဆက် မရှုံးခဲ့ပါဘူး။ ခံစစ်ပိုင်းက ပုံစံကောင်းရနေပြီး အဲဒီ ၅ ပွဲမှာ ၂ ဂိုးသာပေးခဲ့ရတာပါ။ ဒါပေမယ့် လိုင်ယွန်ကလည်း အိမ်ကွင်းမှာဂိုးရဖို့သေချာနေတာကြောင့် ဂိုးပေါ်သွားဖို့များပါတယ်။

 
လိုင်ယွန် - ရန်းနက်စ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------
ရန်းနက်စ် ၀ - ၁ လိုင်ယွန် (၁၂-နိုဝင်ဘာ-၂၀၂၃)
လိုင်ယွန် ၃ - ၁ ရန်းနက်စ် (၉-ဧပြီ-၂၀၂၃)
ရန်းနက်စ် ၃ - ၂ လိုင်ယွန် (၁၆-အောက်တိုဘာ-၂၀၂၂)
လိုင်ယွန် ၂ - ၄ ရန်းနက်စ် (၁၃-မတ်-၂၀၂၂)
ရန်းနက်စ် ၄ - ၁ လိုင်ယွန် (၈-နိုဝင်ဘာ-၂၀၂၁)
.
လိုင်ယွန် နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဘာဂီရက် ပီရီဂေါ့ FC ၁ - ၂ လိုင်ယွန် (၂၀-ဇန်နဝါရီ-၂၀၂၄)
လီဟာဗေး ၃ - ၁ လိုင်ယွန် (၁၄-ဇန်နဝါရီ-၂၀၂၄)
ပွန်တာလီယာ ၀ - ၃ လိုင်ယွန် (၇-ဇန်နဝါရီ-၂၀၂၄)
လိုင်ယွန် ၁ - ၀ နန့်တက်စ် (၂၁-ဒီဇင်ဘာ-၂၀၂၃)
မိုနာကို ၀ - ၁ လိုင်ယွန် (၁၆-ဒီဇင်ဘာ-၂၀၂၃)
.
ရန်းနက်စ် နောက်ဆုံး (၅) ပွဲရလဒ်
----------------------------------
ရန်းနက်စ် ၁ - ၁ မာဆေးလ် (၂၂-ဇန်နဝါရီ-၂၀၂၄)
ရန်းနက်စ် ၂ - ၀ နိုက်စ် (၁၄-ဇန်နဝါရီ-၂၀၂၄)
ဂူအင်ဂမ် ၀ - ၂ ရန်းနက်စ် (၇-ဇန်နဝါရီ-၂၀၂၄)
ကလာမွန် ၁ - ၃ ရန်းနက်စ် (၂၁-ဒီဇင်ဘာ-၂၀၂၃)
တူးလော့စ် ၀ - ၀ ရန်းနက်စ် (၁၇-ဒီဇင်ဘာ-၂၀၂၃)

#ပွဲကြိုသုံးသပ်ချက် #လိုင်ယွန် #ရန်းနက်စ် #လီဂူးဝမ်း