ရှေ့သို့
Image

ဟာမိုဆိုကို နမ်းခဲ့တာကြောင့် ထောင် ၄ နှစ်ကျမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ရူဘီလက်စ်

11:23 AM, 26 January

စပိန်ဘောလုံးဥက္ကဌဟောင်း လူးဝစ် ရူဘီလက်စ် တစ်ယောက် အမျိုးသမီးကစားသမား ဟာမိုဆိုကို နမ်းခဲ့တာကြောင့် ထောင် ၄ နှစ်လောက်ကျနိုင်ဖွယ်ရှိနေပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တုန်းက အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားဖိုင်နယ်မှာ အနိုင်ရပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး ရူဘီလက်စ်က ဟာမိုဆိုရဲ့ဦးခေါင်းကို လက် ၂ ဖက်နဲ့ကိုင်ကာ သူမရဲ့နှုတ်ခမ်းကို အတင်းနမ်းခဲ့တာဖြစ်ပါတယ်။ အသက် ၄၆ နှစ်သားဟာ အဆိုပါအခြေအနေကြောင့် ဖီဖာရဲ့ ၃ နှစ်အနားပေးခြင်းခံခဲ့ရသလို စပိန်ဘောလုံးအဖွဲ့ကနေလည်း နှုတ်ထွက်ခဲ့ရပါတယ်။

အခုချိန်မှာတော့ ရူဘီလက်စ် တစ်ယောက် လိင်ပိုင်းဆိုင်ရာပြစ်မှုကြောင့် ကြာသပတေးနေ့တုန်းက စပိန်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ တရားသူကြီး ဒီဂျော့ချ်က ရူဘီလက်စ်ရဲ့အနမ်းပေးမှုဟာ ပုံမှန်အခြေအနေမျိုးမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ရမက်နှိုးဆွမှု ဒါမှမဟုတ် ရမက်နှိုးဆွမှုမဟုတ်တဲ့ အခြေအနေလားဆိုတာ မသိရသေးသလို ရလဒ်အရ အားကစားရပ်ဝန်းမှာ ဒီလိုမျိုးပြင်းထန်တဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်။ အခြေအနေအားလုံးကို ကျွန်တော်တို့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာပြစ်မှုမြောက်လား မမြောက်ဘူးလားဆိုတာ ကြည့်ရှုမှာဖြစ်ပါတယ်”လို့ ဒီဂျော့ချ်က ပြောကြားခဲ့ပါတယ်။

ရူဘီလက်စ်ကို ဒီဂျော့ချ်တစ်ဦးတည်းက အခုလိုမျိုးပြောတာမဟုတ်ပဲ စပိန်အမျိုးသမီးနည်းပြဟောင်း ဗီလ်ဒါကလည်း ရူဘီလက်စ်ဟာ ဟာမိုဆိုကို ဖိအားပေးလုပ်ဆောင်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ စပိန်ဥပဒေတွေအရ အနမ်းပေးမှုမှာ တဖက်သားရဲ့ဆန္ဒမပါဝင်ဘူးဆိုရင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုမြောက်တယ်လို့ ဖော်ပြထားပြီး ရူဘီလက်စ်အနေနဲ့ ၄ နှစ်လောက် ထောင်ကျဖွယ်ရှိနေပါတယ်။

ရူဘီလက်စ်ရဲ့ပြစ်မှုအတွက် နောက်ထပ်ကြားနာမယ့်ရက်ကိုတော့ မသိရသေးတာဖြစ်ပါတယ်။

#မာရီယို ဟာမိုဆို #စပိန် #ရူဘီလက်စ်