ရှေ့သို့
Image

နယူးကာဆယ်စတားကို ပစ်မှတ်ထားလာတဲ့ ထိပ်တန်းအသင်းကြီးများ

8:53 AM, 26 January

အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ဟာ နယူးကာဆယ်တိုက်စစ်မှူး ကော်လမ်ဝီလ်ဆင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ဘဏ္ဍာရေးစည်းမျည်းကြောင့် သူတို့အသင်းထဲက ကစားသမားအချို့ကိုရောင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ၂၀၂၁ ဆော်ဒီရင်းနှီးမြုပ်နှံသူတွေ စတင်ဝယ်ယူပြီးကတည်းက နယူးကာဆယ်ဟာ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၄၀၀ လောက်အထိ အသုံးပြုထားခဲ့ပါတယ်။

အယ်လ်မီရွန်ကလည်း ဆော်ဒီမြေကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီး ထရစ်ပီယာကို ဘိုင်ယန်က ချိတ်ဆက်နေကာ ကမ်းလှမ်းမှုတွေကိုတော့ နယူးကာဆယ်ဘက်က ငြင်းဆန်ထားပါတယ်။ ဝီလ်ဆင်ကလည်း နယူးကာဆယ်ရောင်းထုတ်မယ့် ကစားသမားတွေထဲတစ်ဦးဖြစ်ပြီး တီကိုအသင်းက ချိတ်ဆက်နေပါတယ်။

သတင်းတွေအရ နယူးကာဆယ်ဟာ အသက် ၃၁ နှစ်သားကို ပေါင် ၁၈ သန်းဝန်းကျင်နဲ့ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး အာဆင်နယ်အပါအဝင် ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ အဆိုပါအသင်း ၃ သင်းဟာ တိုက်စစ်မှူးသစ် ရှာဖွေနေပြီး ဘဏ္ဍာရေးစည်းမျည်းကြောင့် အခုအပြောင်းအရွှေ့မှာ ငွေကြေးအနည်းငယ်သာ သုံးစွဲနိုင်တာဖြစ်ပါတယ်။

ဝီလ်ဆင်ဟာ နယူးကာဆယ် နဲ့ ဘုန်းမောက်အတွက် ၂၁၅ ပွဲမှာ ၈၆ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အင်္ဂလန်အသင်းမှာတော့ ၉ ပွဲမှာ ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က ဝီလ်ဆင်ကို ပိုစိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ကတော့ ရေတိုအတွက် စိတ်ဝင်စားဖွယ်မရှိတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘန်ဇီးမားကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပြီး မာရှယ်ဒဏ်ရာ ရရှိနေတဲ့အနေအထားမှာ ခေါ်ယူဖွယ်ရှိနေပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ နွေရာသီမှာ တိုနေး ဒါမှမဟုတ် ဗစ်တာအိုဆီမင်ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြပြီး  ဝီလ်ဆင်ကတော့ ရေတိုအတွက်သာ ခေါ်ယူနိုင်ချေများနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #နယူးကာဆယ် #အပြောင်းအရွှေ့ #ဝီလ်ဆင်