ရှေ့သို့
Image

ပြင်သစ်သားကို ခေါ်ယူဖို့ ယူနိုက်တက်အားတိုက်တွန်းလိုက်တဲ့ ဂန္ထဝင်ဟောင်း ပေါလ်အင့်စ်

9:51 AM, 25 January

ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်အင့်စ်က အသင်းဟောင်း အနေနဲ့ ဟွိုက်လန်းကို ဖိအားပေးဖို့ နဲ့ ထိပ်ဆုံး ၄ သင်းနေရာအတွက် ဘန်ဇီးမားကို ခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၃၆ နှစ်သားဟာ ဆော်ဒီမြေမှာ ရုန်းကန်နေရပြီး သတင်းတွေအရ အရှေ့အလယ်ပိုင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ အင့်စ်က ယူနိုက်တက်အနေနဲ့ ဟွိုက်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဖိအားပေးနိုင်ဖို့ ဘန်ဇီးမားကို ခေါ်ယူသင့်တယ်လို့ ထင်မြင်နေပါတယ်။

“ဘန်ဇီးမားကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အတွက် အဆင်ပြေနိုင်ပါတယ်။ ဘန်ဇီးမားက တစ်သင်းလုံးကို ထမ်းတင်နိုင်ပါတယ်။ သူ့အသက် ၃၆ နှစ်ဆိုတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးပါ။ ယူနိုက်တက်သာ သူ့ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အဲ့တာက အသင်းအတွက် တကယ်ကောင်းနိုင်ပါတယ်။ ဘန်ဇီးမားက ဟွိုက်လန်းကို ဖိအားပေးနိုင်သလို ထိပ်ဆုံး ၄ သင်းနေရာ အတွက်လည်း ကူညီပေးနိုင်ပါတယ်။ သူက တကယ့်ထိပ်တန်း ကစားသမားပါ။ ဆော်ဒီလိဂ်က ထွက်ခွာချင်နေတာကြောင့် အသင်းအချို့က ခေါ်ယူဖို့ ကြိုးပမ်းမှာ သေချာနေပါတယ်”လို့ အင့်စ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဟွိုက်လန်းကို ခေါ်ယူထားခဲ့ပေမယ့်လည်း ဒီရာသီအသင်း အတွက် ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ အင့်စ်ကတော့ ဘန်ဇီးမားကို ခေါ်ယူလိုက်တာက လူငယ်တိုက်စစ်မှူးအတွက် အတွေ့အကြုံပိုင်းအပြင် ဖိအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘန်ဇီမားကတော့ အယ်လ်-အီတီဟက်က ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို သတင်းအမှားတွေလို့ ဆိုခဲ့သလို အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုတယ်ဆိုတဲ့ သတင်းတွေကို ဖြန်ခဲ့တဲ့ ပြင်သစ်မီဒီယာတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်ဇီးမား #ပေါလ်အင့်စ်