ရှေ့သို့
Image

ဆာလက်နဲ့ ပတ်သက်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကို ဦးတည်ဝေဖန်လိုက်တဲ့ အီဂျစ်နည်းပြ

2:08 PM, 24 January

အီဂျစ်နည်းပြ ဗစ်တိုးရီးယားက ဆာလက်နဲ့ ပတ်သက်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကို ဦးတည်ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဆာလက်တစ်ယောက် ဂါနာနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲခဲ့ရပါတယ်။

တနင်္လာနေ့တုန်းက ဆာလက်ရဲ့အေးဂျင့်က သူ့ကစားသမားအခြေအနေဟာ ဆိုးဝါးတယ်လို့ အတည်ပြုခဲ့ပါတယ်။ တနင်္ဂနွေနေ့က ဘုန်းမောက်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ကလော့ပ်က ဆာလက်ဟာ ကလပ်အသင်းထံ ပြန်လာပြီး ကုသမှုခံယူမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဘယ်သူ့ကိုမှ အချက်မပေးချင်ပါဘူး။ အဲ့တာက လီဗာပူးအတွက် မှန်ကန်တယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲ့အကြောင်း မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ အရေးပါတဲ့ပွဲရှိနေပါတယ်။ ဆာလက်က အမြဲတမ်း ကျွန်တော်တို့နဲ့အတူ ရှိနေပါတယ်။ အခုတော့ ပွဲကပြီးသွားပါပြီ။ သူ့အတွက် အကောင်းဆုံး ဖြေရှင်းဖို့ ရှာဖွေသွားမှာပါ။ ဒါက အချက်အလက်တွေပါ။ ဒါက အခြေအနေတွေဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ရှင်းရှင်းလင်းလင်းဖြစ်ချင်ပါတယ်။ ဆာလက်က ဒဏ်ရာရရှိနေပြီး သူ့အနေနဲ့ အချိန်အတော်ကြာနားရမလားဆိုတာ မသိရသေးပါဘူး။ သူပြန်မကစားနိုင်ခင် ကျွန်တော်တို့ ပွဲအများကြီးကန်ရပါဦးမယ်။ ပွဲမတိုင်ခင် ကျွန်တော် ဘာမှမပြောချင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့ဆေးအဖွဲ့ရှိနေပါတယ်။ သူတို့က စစ်ဆေးမှုတွေပြုလုပ်ပြီး ဆာလက်အမြန်ပြန်လာနိုင်အောင် လုပ်ောဆင်မှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်း လက်ထောက်နည်းပြ လင်ဒါကတော့ “အီဂျစ်အတွက် သူ့ကိုဆုံးရှုံးရတာက ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူက အရမ်းကို အရေးပါပါတယ်။ ကျွန်တော်တို့ ဆေးအဖွဲ့ကလည်း သူ့ကိုအဆင်ပြေအောင် အသင်းထံခေါ်ယူခဲ့တာပါ။ အီဂျစ်ဖိုင်နယ်ရောက်ခဲ့ရင် သူ့အတွက် အခွင့်အရေးပေးဖို့ ဖြစ်လာနိုင်ပါတယ်”လို့ လင်ဒါက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အီဂျစ် #ကလော့ပ် #ဆာလက် #ပရီးမီးယားလိဂ် #ဗစ်တိုးရီးယား