ရှေ့သို့
Image

အီမာဆင်ကို ခေါ်ယူဖို့အဆင်မပြေခဲ့တဲ့နောက် ယူနိုက်တက်စတားကို ပစ်မှတ်ထားလာတဲ့ အယ်လ်နာဆာ

2:01 PM, 24 January

တော့တင်ဟမ်စတား အီမာဆင်ကို ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီးနောက် အယ်လ်နာဆာအသင်းဟာ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

ယူနိုက်တက်စတားအနေနဲ့ အယ်လ်နာဆာကို ပြောင်းဖြစ်မယ်ဆိုရင် ဆော်ဒီလိဂ်မှာ အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပြန်လည်ပေါင်းဆုံရဖွယ်ရှိနေပါတယ်။ အယ်လ်နာဆာဟာ ဘရာဇီးသားကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ အယ်လ်နာဆာဟာ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာရဲ့စာချုပ်ထဲမှာပါတဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို အသုံးချထားပြီးုဖြစ်တာကြောင့် ဈေးပေါပေါနဲ့တော့ လက်လွှတ်ဖွယ်မရှိတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက်ဟာ အိုလစ်ဆီကိုခေါ်ယူဖို့  ဘစ်ဆာကာကို အသုံးချဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ဝမ်ဘစ်ဆာကာဟာ တံကောက်ကြော ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး ၁၃ ပွဲ ပွဲထွက်ကစားးထားကာ ဥရောပအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

အင်တာကလည်း ဝမ်ဘစ်ဆာကာကို ဒမ်ဖရိုင်းနဲ့အလဲအထပ်လုပ်ဖို့ စိတ်ဝင်စားနေပေမယ့် လှုပ်ရှားမှုတော့ မလုပ်ရသေးတာဖြစ်ပါတယ်။ အယ်လ်နာဆာဟာ ဝမ်ဘစ်ဆာကာကို အရခေါ်ယူဖို့ ပြင်ဆင်နေပြီး ယခင်နှစ်တွေတုန်းက ရော်နယ်ဒို၊ လာပေါ်တီ နဲ့ မာနေးတို့ကို ခေါ်ယူထားခဲ့ကာ ဥရောပအပြောင်းအရွှေ့က ၁၀ ရက်သာကျန်တော့တာကြောင့် အလျင်အမြန်လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #အပြောင်းအရွှေ့ #ဝမ်ဘစ်ဆာကာ #အီမာဆင် #အယ်လ်နာဆာ