ရှေ့သို့
Image

ဘာစီလိုနာသို့ အပြီးသတ်ပြောင်းရွှေ့သွားမယ့် ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်

11:21 AM, 24 January

ဂျိုအိုကန်ဆယ်လိုနဲ့ ဂျိုအိုဖီးလစ်တို့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ဂျ်မန်ဒက်စ်က ကစားသမား ၂ စလုံးဟာ ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနေ့ရက်မှာ ဘာစီလိုနာဟာ အဆိုပါပေါ်တူဂီကစားသမား ၂ ဦးစလုံးကို တပြိုင်နက်ခေါ်ယူခဲ့ပြီး အသင်းအတွက် အကျိုးသက်ရောက်မှုများစွာရှိစေခဲ့ပါတယ်။ ဒါကြောင့် ကစားသမား ၂ ဦးစလုံးဟာ ဘာစီလိုနာရဲ့ အမြဲတမ်းကစားသမားတွေအဖြစ် စာချုပ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ကစားသမား ၂ ဦးစလုံးကို ကိုယ်စားပြုထားတဲ့ နာမည်ကျော် ပေါ်တူဂီအေးဂျင့် မန်ဒက်စ်က “ဘာစီလိုနာက ကန်ဆယ်လိုနဲ့ ဖီးလစ်တို့က အပြီးသတ်ခေါ်ယူဖို့ စီစဉ်ထားပါတယ်။ သူတို့ ၂ ယောက်စလုံးကို လာမယ့်နွေရာသီမှာပဲ စာချုပ်ချုပ်ဆိုသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာမှာ အောင်မြင်တဲ့ကစားသမားဘဝကို ပုံဖော်ထားနိုင်တဲ့ တိုက်စစ်ကစားသမား ဖီးလစ်ဟာ နောက်ပိုင်းမှာတော့ သူ့ရဲ့ပွဲထွက်ကစားသမားနေရာကို ဖာရန်းတောရက်စ်ဆီမှာ ဆုံးရှုံးထားရပါတယ်။ ဖီးလစ်ကို အငှားချထားတဲ့ အက်သလက်တီကိုမက်ဒရစ်ကလည်း သူတို့ရဲ့ကစားသမားအတွက် ယူရိုသန်း ၈၀ အထိ အလိုရှိနေတယ်လို့သိရပါတယ်။
ဘာစီလိုနာအသင်း ဥက္ကဌ ဂျိုအန်လာပေါ်တာကလည်း ကစားသမား ၂ ဦးစလုံးကို အပြီးသတ်ခေါ်ယူဖို့ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ သို့သော်လည်း ဘာစီလိုနာအနေနဲ့ ၂ ဦးစလုံးကို တပြိုင်နက်ခေါ်ယူဖို့အတွက်တော့ ဘဏ္ဍာရေးပိုင်းမှာ လုံလောက်မှုရှိမရှိကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #အပြောင်းအရွှေ့ #ကန်ဆယ်လို #ဖီးလစ်