ရှေ့သို့
Image

အယ်လ်အစ်တီဟက်ကနေ ထွက်ခွာခွင့်တောင်းလိုက်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်ပစ်မှတ် ဘန်ဇီးမား

10:20 AM, 24 January

ဝါရင့်တိုက်စစ်မှူးရဲ့ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့မှုဟာ ဆိုးရွားခဲ့ပြီး ဇန်နဝါရီဈေးကွက်မပိတ်မီတွင် အငှားဖြင့်ထွက်ခွာလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကစားသမားနှင့် နီးစပ်သူတစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး အခြားဆော်ဒီအာရေးဗျကလပ်သို့ ပြောင်းရွှေ့ရန် ကမ်းလှမ်းခံခဲ့ရကြောင်း AFP ကဖော်ပြခဲ့ပါတယ်။ ဘန်ဇီးမားကတော့ အဆိုပါကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပြီး အစည်းအဝေးတစ်ခုတွင် လက်ရှိကလပ်အား လက်ရှိဖြစ်ပေါ်နေတဲ့ ဖိအားတွေကြောင့် အကောင်းဆုံးကို ပေးစွမ်းနိုင်မယ်လို့ မထင်ပါမိကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ထွက်ခွာလိုတဲ့ဆန္ဒက ကစားသမားသစ်ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ပရီးမီးယားလိဂ်ကလပ်အများအပြားအတွက် လှုံ့ဆော်ပေးသလိုဖြစ်နေပါတယ်။ အာဆင်နယ်ဟာ စနေနေ့က ခရစ္စတယ်ပဲလေ့စ်အား ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုးတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အာတီတာဟာ ရှေ့တန်းကစားသမားတစ်ဦးကို ခေါ်ယူလိုပေမယ့် ဒီလအတွက် အသုံးစရိတ်ကန့်သတ်ချက်က ရှိနေပါတယ်။

မြောက်လန်ဒန်ကလပ်သည် ယခုလအစောပိုင်းတွင် ၂၀၂၂ ဘော်လွန်းဒီအော်ဆုရှင်ကို ခေါ်ယူရန် အခွင့်အရေးဖြင့် ကမ်းလှမ်းခဲ့သော်လည်း အဲ့ဒီအစား နောက်ခံလူတစ်ဦးကို ခေါ်ယူရန် ဖြစ်နိုင်ချေကို ချိန်ဆနေပါတယ်။ တင်ဘားက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝရန် ပြန်လည်လုပ်ဆောင်နေရဆဲဖြစ်ပြီး လက်ရှိ နိုင်ငံတကာပွဲစဉ်များ ကစားနေတဲ့ တိုမီယာဆုနှင့်အတူ အာတီတာက ခံစစ်တွင် ကစားသမားအင်အားနည်းနေတယ်လို့ ထင်နေတာပါ။

ချဲလ်ဆီးဟာ ယနေ့ည မစ်ဒယ်ဘရော့နဲ့ ကစားမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အန်ကွန်ကူ မပါဘဲ ထပ်မံကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပထမအကျော့တွင် ၁-၀ ဖြင့် ရှုံးနိမ့်မှုကို ကျော်ဖြတ်ရန် ကြိုးပမ်းနေသလို နွေရာသီခေါ်ယူမှုများတွင် အနှုတ်ပြနေကာ နီကိုးလပ်စ်ဂျက်ဆင်ကလည်း ဆီနီဂေါနှင့်အတူ AFCON တွင် ဆက်လက်ကစားနေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ သွင်းဂိုးတွေနည်းပါးနေပေမယ့် လက်ရှိအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖွယ် မရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ်က သူ့ရဲ့အသင်းဟောင်းဟာ ရီးရဲလ်ဂန္တဝင်ကစားသမားကို ခေါ်ယူရန် တွန်းအားပေးသင့်တယ်လို့ ယုံကြည်နေပါတယ်။

"၁၅၀%" ပဲလို့ ကိုးလ်က Bet Fred ကိုပြောခဲ့ပါတယ်။ "လေ့ကျင့်ရေး အစီအစဉ်အတွက်ဆိုရင်လည်း သူ့ကိုခေါ်ယူသင့်ပါတယ်။ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့တုန်းက ကျွန်တော် အရမ်းအံ့သြခဲ့ရပေမယ့် ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတာ နားလည်ပါတယ်" "ဆော်ဒီအာရေးဗျမှာ သူရနေတဲ့ငွေက မျိုးဆက်အလိုက်ကို ချမ်းသာသွားစေပါတယ်။ ဒါဟာ သူ့ကလေးတွေ အတွက်ပါ။ ဒီလိုအသက်အရွယ်မှာ လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်နဲ့ ဘော်လွန်းဒီအော်ဆုတို့ကို ရရှိပြီးသားမို့လို့ ဆော်ဒီကိုသွားခဲ့တာ နားလည်နိုင်ပါတယ်" "သူ့အသက်အရွယ်အရ ပရီးမီးယားလိဂ်မှာ လုပ်နိုင်ပါ့မလား။ သူ့ကိုယ်သူ ဂရုစိုက်ပုံကိုလည်း ၁၀၀% ထည့်သွင်းစဉ်းစားရမှာပါ။ တကယ်လို့ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ အခွင့်အရေးရှိတယ်ဆိုရင် အဲဒါကို သေချာပေါက် ကြိုးစားပြီး လုပ်သင့်ပါတယ်" လို့ ကိုးလ်က ပြောပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ဘန်ဇီးမား #ပရီးမီးယားလိဂ်