ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးဖို့ မျှော်လင့်နေတဲ့ ဒီကလန်ရိုက်စ်

12:39 PM, 23 January

ဒဏ်ရာပြဿနာတွေရှိနေပေမယ့် ဒီကလန်ရိုက်စ်က လာမယ့်သီတင်းပတ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်ကို ငါးဂိုးပြတ် အနိုင်ရရှိတဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၇၃ မိနစ်မှာ တံကောက်ကြောဒဏ်ရာပြဿနာ ပေါ်ပေါက်လာလို့ လူစားလဲလှယ်ခဲ့ရပါတယ်။ အစောပိုင်းသတင်းတွေအရ ဒီကလန်ရိုက်စ်ဟာ ကြွက်သားတင်းမာမှုခံစားနေရတယ်လို့ သိခဲ့ရပေမယ့် လက်ရှိမှာတော့ ကွင်းလယ်လူမှာ ကြီးကြီးမားမားထိခိုက်ဒဏ်ရာမျိုး မရှိဘူးဆိုတဲ့ ယုံကြည်မှုတွေလည်း တိုးပွားလာပါတယ်။

ဂန်းနားတွေက လာမယ့်သီတင်းပတ်၊ အင်္ဂါနေ့မတိုင်ခင်အထိ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မရှိလို့ ဒီကလန်ရိုက်စ်က စီးတီးဂရောင်းကွင်းကြီးဆီ ထွက်ခွာရမယ့် ခရီးစဉ်အတွက် ကြံ့ခိုင်မှုရှိနေဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါ့အပြင် ကာလရှည် အနားယူနေရတဲ့ တင်ဘားနဲ့ ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တင်ဘားက ကာလရှည်စောင့်ဆိုင်းနေရတဲ့ အသင်းလိုက်လေ့ကျင့်မှုဆီ ပြန်လာဖို့ တိုးတက်မှုတွေ ရှိနေပါပြီ။
နယ်သာလန်ခံစစ်မှူးက နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာတစ်ခု ခံစားခဲ့ရပါတယ်။ တင်ဘားက London Colney HQ ရှိ စီနီယာအသင်းလေ့ကျင့်ရေး အစီအစဉ်ဆီ ပြန်လည်ပါဝင်နိုင်ဖို့ အတော်နီးစပ်လာနေပြီး အခုဘောလုံးရာသီမှာ ပြန်လည်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ်က တင်ဘားအတွက် ပြန်လည်ကြံ့ခိုင်နိုင်မှုနောက်ဆုံး အစီအစဉ်အချိန်ဇယား မထုတ်ပြန်နိုင်မီ ကစားသမား အနေဖြင့် ကျော်ဖြတ်ရမယ့် အတားအဆီးတွေ ရှိနေသေးပေမယ့် အခုဘောလုံးရာသီ၊ နောက်ဆုံးနှစ်လတာ ကာလမှာ သူပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

တင်ဘားပြန်လာနိုင်မှုက ရာသီကုန်ကာလတွေ အတွက် စိုးရိမ်နေရတဲ့ ကလပ်ရဲ့ခံစစ်ပိုင်းကို အထောက်အကူဖြစ်စေပါလိမ့်မယ်။ အခုလအစောပိုင်း၊ ဘန်ဇီးမားကို ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ဖူးတဲ့ ကလပ်အသင်းက လာမယ့်သီတင်းပတ်၊ အပြောင်းအရွှေ့နောက်ဆုံး အချိန်မတိုင်ခင် စွယ်စုံရနောက်ခံလူတစ်ဦးကိုခေါ်ယူနိုင်ရေး ရှာပုံတော်ဖွင့်ဖို့ စဉ်းစားခဲ့ပါတယ်။

ဒီအတိုင်း ဆက်လက်လုပ်ဆောင်ဖို့လည်း လမ်းဖွင့်ထားပါတယ်။ ဒါပေမယ့် တင်ဘားပြန်လာနိုင်မှုက နည်းပြ အာတီတာ အတွက် ကြီးမားတဲ့ ခွန်းအားတစ်ရပ်ဖြစ်စေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ နောက်ခံအစွန်လူတစ်ဦးသာ ခေါ်ယူဖို့သာ လိုအပ်နေပါတယ်။

#နော်တင်ဟမ်ဖောရက်စ် #ပရီးမီးယားလိဂ် ဒီကလန်ရိုက်စ်