ရှေ့သို့
Image

ယူနိုက်တက်၊ အာဆင်နယ်နှင့် ချဲလ်ဆီးတို့နှင့် အပြိုင် ဘန်ဇီးမားကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းဟောင်း လိုင်ယွန်

10:56 AM, 23 January

ဘန်ဇီးမားဟာ နွေရာသီတွင် ရီးရဲလ်မက်ဒရစ်တွင် ၁၄ နှစ်ကြာ ကစားခဲ့ခြင်းကိုအဆုံးသတ်ပြီး ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်အစ်တီဟတ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၂ ဘော်လွန်းဒီအော်ဆုရှင်ဟာ အသင်းခေါင်းဆောင်အဖြစ် ပြိုင်ပွဲအရပ်ရပ်တွင် အယ်လ်အီတီဟက်အတွက် ၂၄ ပွဲကစား ၁၅ ဂိုး သွင်းယူထားပါတယ်။

သို့သော်လည်း ပြင်သစ်သားဟာ ဟန်ဒါဆင်လိုပဲ ဆော်ဒီပရိုလိဂ်မှ လျင်မြန်စွာ ထွက်ခွာရန် ဖြစ်လာဖွယ်ရှိနေပါတယ်။ ဘန်ဇီးမားဟာ တိုက်စစ်မှူးတစ်ဦး လိုအပ်နေတဲ့ ပရီးမီးယားလိဂ်အသင်းများအတွက် ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ အသက် ၃၆ နှစ်အရွယ် ကစားသမားကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘန်ဇီးမားအတွက် နောက်ဆုံး ရရှိထားတဲ့သတင်းကတော့ လိုင်ယွန်က သူ့ကို ပြန်လည်ခေါ်ဆောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဂန္ထဝင်တိုက်စစ်မှူးဟာ ငယ်စဉ်ကတည်းက လိုင်ယွန်းအသင်းရဲ့ အကယ်ဒမီသို့ ဝင်ရောက်ခဲ့ပြီး ဘောကောက်အဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့မီ လိုင်ယွန်ပထမအသင်းအတွက် ၁၄၈ ပွဲတွင် ၆၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

RMC Sport မှ ဟော်ကင်စ်က လိုင်ယွန်ဟာ ဘန်ဇီးမားကို ပြန်လည် ခေါ်ယူချင်နေသော်လည်း စာချုပ်ပြီးမြောက်ရန် အလွန်ရှုပ်ထွေးတဲ့ သဘောတူညီချက်ဖြစ်မှာကို သိရှိထားကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်အီတီဟက်မှာ သူရရှိထားတဲ့ လစာနဲ့ တူညီတဲ့ လစာကို မပေးနိုင်ဘူးဆိုတာကိုလည်း သူတို့ကသိပါတယ်။

ဘန်ဇီးမားဟာ ဆော်ဒီတွင် လစာအကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် တစ်နှစ်လျှင် ပေါင် ၈၈ သန်း ရရှိနေကာ များပြားတဲ့ လစာဖြတ်လျော့ချမှုကို ခံယူရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ အယ်လ်အီတီဟက်ရဲ့ပွဲစဉ်များ ပြန်လည်မစတင်မီ ဆောင်းရာသီအားလပ်ရက်ကို သူက ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမာနိုက ဘန်ဇီးမားအပေါ် အာဆင်နယ်ရဲ့ရပ်တည်ချက်အပေါ် လက်ရှိတွင် အပြောင်းအရွှေ့အတွက် ဘာမရှိသေးကြောင်း ပရိသတ်များအား ပြောကြားထားပါတယ်။

"အခုအချိန်မှာတော့ ဘန်ဇီးမားနဲ့ အာဆင်နယ်ကြားမှာ ဘာတစ်ခုမှ ဆက်သွယ်တာမရှိသေးပါဘူး" "နောက်ရက်တွေမှာ တစ်ခုခု အပြောင်းအလဲဖြစ်ပြီး အာဆင်နယ်က ဘန်ဇီးမားကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို အသိပေးမှာပါ။ ဒါပေမယ့် ဒီနေ့အထိတော့ သူတို့ဟာ ဒီစာချုပ်အတွက် အလုပ်မလုပ်ပါဘူး" "ယေဘုယျအားဖြင့်တော့ ဘန်ဇီးမား နဲ့ အယ်လ်အီတီဟက်တို့ရဲ့ တင်းမာနေတဲ့ အခြေအနေတွေကြောင့် နောက်ရက်တွေမှာ စောင့်ကြည့်ရမယ့် အရာဖြစ်ပေမယ့် အခုအချိန်မှာတော့ အာဆင်နယ်သငို့ ပြောင်းရွှေ့ဖို့ သတင်းထွက်စရာ ဘာမှမရှိပါဘူး" လို့ သူ့ရဲ့ Caught Offside ကော်လံတွင် ရိုမန်နိုက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #လိုင်ယွန် #အပြောင်းအရွှေ့ #ဘန်ဇီးမား