ရှေ့သို့
Image

အသင်းရဲအဓိက ကစားသမားတွေမပါဝင်ဘဲ လီဗာပူးက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေတဲ့ ဂျိုတာ

10:06 AM, 23 January

ဘုန်းမောက်နှင့်ပွဲမှာ သူ့ရဲ့ ဒုတိယပိုင်းခြေစွမ်းပြသမှုနဲ့အတူ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးက အသင်းရဲ့အဓိက ကစားသမားတွေ မပါဝင်ဘဲ ဆုဖလားရရှိဖို့ လုပ်ဆောင်နိုင်မယ်လို့ ဂျိုတာက ယုံကြည်နေပါတယ်။

အီဂျစ်နှင့်အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကစားရင်းရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာ ကုသမှုခံယူဖို့အတွက် မာဆေးဆိုက်ကို ပြန်ရောက်လာမယ့် ဆာလက်ကို မပါဝင်ဘဲ ဘုန်းမောက်ကို ၄-၀ ဂိုးနဲ့ အနိုင်ရတာကြောင့် ထိပ်ဆုံးကနေ ၅ မှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြကလော့ပ်ဟာ နောက်ခံလူတွေဖြစ်တဲ့ ရော်ဘတ်ဆင်၊ အာနိုးလ်၊ ဆီမီကပ်စ်နှင့် မာတစ်၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဆိုဘိုဆလိုင်း၊ သီယာဂို နှင့် အန်ဒိုတို့အားလုံးကို ဘုန်းမောက်နှင့်ပွဲမှာ ထည့်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။

အဆိုပါပွဲစဉ်နှင့် နူနက်ဇ်နှင့်အတူ ၂ ဂိုးစီသွင်းယူခဲ့တဲ့ ဂျိုတာက Sky Sports သို့ "ဒါဟာ အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော်တို့မှာ ဒဏ်ရာ ရရှိနေတဲ့ ကစားသမားတွေနဲ့ နိုင်ငံအသင်းအတွက် ကစားပေးဖို့ထွက်ခွာသွားတဲ့ သူတွေလည်း ရှိတယ်ဆိုတာသိပါတယ်" "ဒီဇင်ဘာလမှာ ကျွန်တော်တို့ လွတ်မြောက်ခဲ့ပါတယ်။ ဇန်န၀ါရီလက ယခုမှစတင်ပြီး အရှိန်အဟုန်ဖြင့် ရောက်ရှိလာတော့မှာဖြစ်တာကြောင့် အားလုံးအဆင်သင့်ဖြစ်ရန် လိုအပ်ပါတယ်။ အနိုင်ပွဲတွေကို ဆက်ထိန်းထားနိုင်တဲ့ ကစားသမားတွေနဲ့ အရည်အသွေးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်" "ဟုတ်ပါတယ် ကျွန်တော်တို့မှာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေရှိပြီး သူတို့တွေရှိတဲ့အခါ ပိုပြီးလွယ်ပါတယ်" "ဒါပေမယ့် သူတို့မရှိတဲ့အခါ ကျွန်တော်တို့ဟာ လီဗာပူးဖြစ်တာကြောင့် သူတို့ရဲ့နေရာကို အစားဝင်ဖို့ ကစားသမားကောင်းတွေရှိပြီး အကောင်းဆုံး ပေးဆပ်ကာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ထိပ်တန်းဆာလက်မပါဝင်တဲ့ လက်ရှိရာသီရဲ့ ပထမဆုံးပွဲမှာ လီဗာပူးဟာ အခွင့်အရေးရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ၄၉ မိနစ်တွင် နူနက်ဇ်ကအဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ပွဲကို လွှမ်းမိုးခဲ့ကာ ဒုတိယနေရာက မန်စီးတီးကို အမှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဗုဒ္ဓဟူးနေ့တွင် ဖူလ်ဟမ်နှင့် ကစားရမှာဖြစ်ပြီး အက်ဖ်အေဖလားပွဲမှာ နော့ဝှစ်၊ လိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးတို့နှင့် ကစားဖို့လည်းရှိနေပါတယ်။ ဂိုးတွေ သွင်းယူခဲ့တဲ့ နူနက်ဇ်နှင့် ဂျိုတာက ခြေစွမ်းပြသခဲ့သော်လည်း မက်အက်လစ္စတာကတော့ အသင်းရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

"လုံးဝကို ထူးခြားတဲ့စွမ်းဆောင်ရည်လို့ ပြောရမှာပါ။ အသင်းအတွက်ရော သူ့အတွက်ပါ ကျွန်တော် အရမ်းပျော်မိပါတယ်" "သူက ဘောလုံးသမားကောင်းတစ်ယောက်ပါ၊ ဒီလိုမျိုးပြောပါရစေ။ ပြီးတော့ သူက ခံစစ်ပိုင်းကို လုပ်တယ်၊ တိုက်စစ်ပိုင်းမှာလည်း ကျွန်တော်တို့အတွက် ဘာပဲဖြစ်ဖြစ် အရမ်းအရေးကြီးတဲ့သူဖြစ်ပါတယ်" လို့ ဘရိုက်တန်ကွင်းလယ်လူဟောင်းနှင့် ပတ်သက်ပြီး ကလော့ပ်က ပြောကြားခဲ့ပါတယ်။

မန်စီးတီးကို ၆-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၁ ပွဲမှာ ၁၉ မှတ်သာ ရရှိထားတဲ့ ဘုန်းမောက်ဟာ လီဗာပူးကို ဆက်တိုက် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက်ဟာ ကြာသပတေးနေ့တွင် ဆွမ်ဆီးနှင့် ကစားမည့် အက်ဖ်အေ ဖလားပွဲစဉ်ကို အာရုံစိုက်ရမှာဖြစ်ပြီး နည်းပြ အိုင်အိုလာကတော့ သူ့ကစားသမားတွေထံက တုန့်ပြန်မှုကို ရှာဖွေလိုနေတာဖြစ်ပါတယ်။

"ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ကျွန်တော်ကနောက်တစ်ပွဲကစားဖို့ရှိနေပြီး မတူညီတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်"  "ဒီလိုထိပ်တန်းအသင်းတွေနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်ဆိုတာသိပါတယ်။ ပြီးရင် အဆုံးသတ်အထိကစားဖို့ လှုံ့ဆော်မှုတချို့ရှိရမှာဖြစ်ကာ အဲဒါကို မတွေ့မိပါဘူး" လို့ စပိန်သားနည်းပြက ပြောပါတယ်။

#လီဗာပူး #ဂျိုတာ #ဘုန်းမောက်လ် #ပရီးမီးယားလိဂ်