ရှေ့သို့
Image

၁၀ ယောက်ကျန် နာပိုလီကို အနိုင်ယူကာ အီတလီစူပါဖလားကို ၃ရာသီဆက် ဆွတ်ခူးခဲ့တဲ့ အင်တာမီလန်

8:58 AM, 23 January

အင်တာမီလန်အသင်းဟာ မနေ့ညက နာပိုလီကို လော်တာရိုမာတီနက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူကာ  အီတလီစူပါဖလားကို ၃ရာသီဆက် ဆွတ်ခူးသွားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ပထမပိုင်းပြီးခါနီးမှာ အင်တာမီလန်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် မားကပ်စ်သူရမ် လူကျွံနေတယ်ဆိုပြီး VARက ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။ မိနစ်၆၀မှာတော့ နာပိုလီတိုက်စစ်မှူး ဆီမြွန်နီ ၂ဝါ ၁နီနဲ့ ထုတ်ပယ်ခံလိုက်ရတာကြောင့် အင်တာတို့ ၁ယောက်အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာတော့ အင်တာကို ၃နှစ်ဆက် စူပါဖလားရစေမယ့် သွင်းဂိုး မာတီနက်ဇ်က သွင်းယူပေးသွားခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် အင်တာဟာ အီတလီစူပါဖလားအောင်မြင်မှုမှာ အေစီမီလန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့စံချိန်ကို အမီလိုက်နိုင်ဖို့ ဖလား၁လုံးသာ လိုအပ်ပါတော့တယ်။

#အီတလီစူပါဖလား #နာပိုလီ #အင်တာမီလန် #မာတီနက်ဇ်