ရှေ့သို့
Image

ပဲလေ့စ်နဲ့ပွဲက အရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ မာတီနယ်လီကို မက်ဆေ့ချ် ပေးပို့လိုက်တဲ့ အာတီတာ

8:59 AM, 22 January

ပဲလေ့စ်နဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက မာတီနယ်လီ အနေနဲ့ အခုအရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ မာတီနယ်လီဟာ ဒဏ်ရာအခြေအနေက ပြန်လာပြီးနောက် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လူစားဝင်ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးသားသွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးဟာ အာဆင်နယ်ပရိသတ်တွေ အတွက် အွန်နရီရဲ့သွင်းဂိုးစတိုင်ကို အမှတ်ရစေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ မာတီနယ်လီဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပြီး အာတီတာက အခုအခြေအနေကနေ ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ပွဲအပြီးမှာ အာတီတာက “ဒီဂိုးတွေက သူ့ကိုပိုကောင်းလာစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ချို့အချိန်တွေမှာ ဒီလိုအခိုက်အတန့်ကောင်းတွေ ရှိတတ်ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက လေ့ကျင့်ခန်း ကောင်းကောင်းမဆင်းနိုင်ခဲ့ပါဘူး။ အခုတော့ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာပြီး ပြောင်းလဲနိုင်ခဲ့ပြီး အဲ့တာကို သူ့အနေနဲ့ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့တာက အရာအားလုံးပါပဲ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပဲလေ့စ်ကို အနိုင်ရခဲ့တာကြောင့် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ဒီရာသီမှာ open play ထက် တည်ကန်ဘောတွေကိုသာ အားထားနေရတာဖြစ်ပါတယ်။ မာတီနယ်လီပုံစံကောင်းပြန်ရလာမှုနဲ့အတူ အာဆင်နယ် ပရိသတ်တွေက နှစ်ပေါင်း ၂၀ ကျော်ကြာဝေးကွာနေတဲ့ ချန်ပီယံဆုကို ရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဘရာဇီးသားဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ပွဲစဉ်တွေမှာ နော်တင်ဟမ်ဖောရက်စ် ၊ လီဗာပူးတို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။
#အာတီတာ #အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #မာတီနယ်လီ #ပရီးမီးယားလိဂ်