ရှေ့သို့
Image

အိုလံပစ်ပွဲတွေမှာ အသင်းဖော်ဟောင်း ဒီမာရီယာနဲ့အတူ တွဲဖက်ကစားချင်နေတဲ့ မက်ဆီ

2:55 PM, 21 January

အင်တာမိုင်ယာမီစတား မက်ဆီကတေ့ ၂၀၂၄ အိုလံပစ်ပွဲတွေမှာ နိုင်ငံအသင်းဖော် ဒီမာရီယာနဲ့အတူ အာဂျင်တီးနားအတွက် ကစားပေးချင်နေပါတယ်။

ဒီစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဘော်လွန်းဒီအေ်ဆု ၈ ကြိမ်ရ မက်ဆီဟာ ကိုပါအမေရိကဖလားပြီးနောက် ပြင်သစ်မှာ ကျင်းပမယ့် အိုလံပစ်ပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးချင်နေတယ်လို့ ဆိုပါတယ်။

မက်ဆီဟာ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုတွေရယူထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။


ဒါပေမယ့်လည်း အာဂျင်တီးနားအနနဲ့ အဆိုပါပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အာဂျင်တီးနားဟာ မတ်လမှာကန်မယ့်နိုင်ငံတကာအားလပ်ရက်အတွင်း တရုတ်ကို ခရီးနှင်မှာဖြစ်ပြီး အတွေ့အကြုံရှိကစားသမားတွေအပြင် ယူ - ၂၃ နဲ့ ယူ - ၂၀ ကစားသမားတွေကို ခေါ်ဆောင်သွားဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ယူ - ၂၃ အသင်းဟာ အိုလံပစ်ပွဲအတွက် ခြေစမ်းပွဲ ၂ ပွဲကန်ဖို့လည်း ပြင်ဆင်နေပါတယ်။ မက်ဆီ နဲ့ ဒီမာရီယာတို့ဟာ ဘေဂျင်းမှာကျင်းပခဲ့တဲ့ ၂၀၀၈ အိုလံပစ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဖိုင်နယ်မှာ နိုင်ဂျီးရီးယားကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။


အဆိုပါအချိန်ကာလတုန်းက အသင်းကို ရီကွယ်မီ ၊ မာရှေးယာနိုတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတွေအဖြစ် ဘာနီဂါ ၊ အဂူရို နဲ့ ဇာဘလက်တာတို့ ပါဝင်ခဲ့ပါတယ်။

မက်ဆီအနေနဲ့ နောက်တစ်ကြိမ်အိုလံပစ်ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ရင် သမိုင်းတစ်လျှောက် အိုလံပစ်ရွှေတံဆိပ် ၂ ဆု နဲ့ ကမ္ဘာ့ဖလားတစ်ဆုရယူနိုင်ခဲ့တစ်ဦးတည်းသောကစားသမားဖြစ်လာမှာဖြစ်ပါတယ်။


မေဂျာလိဂ်ကလည်း အိုလံပစ်ပြိုင်ပွဲတွေအတွင်းမှာ ကန်မှာဖြစ်ပေမယ့် မက်ဆီအနေနဲ့ အင်တာမိုင်ယာမီရဲ့ပွဲစဉ် ၁ ပွဲကိုသာ လွဲချော်ဖွယ်ရှိနေပါတယ်။

ဒီမာရီယာကတော့ ဘင်ဖီကာနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ရင် အာဂျင်တီးနားမြေကိုပြန်လာဖွယ်ရှိနေပြီး ငယ်ဘဝကလပ် ရိုဆာရီယိုဆန်ထရယ်အသင်းမှာ ပြန်ကစားဖွယ်ရှိနေပါတယ်။ 


#ဒီမာရီယာ #မက်ဆီ #အင်တာမီယာမီ