ရှေ့သို့
Image

ယူနိုက်တက်သို့မဟုတ်ဘဲ ဘန်ဇီးမား ပြောင်းရွှေ့နိုင်တဲ့ ကလပ်နှစ်ခုကို ပြောကြားလိုက်တဲ့ ဘာဘာတော့ဗ်

11:01 AM, 21 January

ဥရောပဘောလုံးလောကကနေထွက်ခွာကာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ဘော်လွန်းဒီအော်ဆုရှင်က နောင်တရနေပြီလို့ ထင်ရပါတယ်။


ယူနိုက်တက် ၊ ချဲလ်ဆီး ၊ အာဆင်နယ် တို့ဟာ သွင်းဂိုးတွေရရှိဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဒီလမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။


တိုနေးနှင့် အိုဆီမန်တို့ရဲ့တန်ကြေးက လန်ဒန်မြို့ခံပြိုင်ဘက်များထက်တွေ ပေးချေလိုတဲ့ ပမာဏထက် ကျော်လွန်နေပုံရပြီး ထိပ်တန်းပစ်မှတ်များအတွက် နွေရာသီအထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။


ကစားသမားရဲ့အေးဂျင့်က ၆ လအငှားဖြစ်နိုင်ခြေကို ငြင်းပယ်ထားပုံပေါ်သော်လည်း ရေတိုဖြေရှင်းချက်အတွက် ဘန်ဇီးမားက ကမ်းလှမ်းခံရနိုင်ဖွယ်ရှိနေပါတယ်။


ဆာဂျက်ရက်ဖ်ကလစ်ဟာ ရင်းနှီးမြုပ်နှံမှုများအတွက် ကမ်းလှမ်းထားသော်လည်း ယူနိုက်တက်ဟာ စျေးကွက်တွင် ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိနေတာဖြစ်ပါတယ်။


ရော်နယ်ဒိုရဲ့ ဆိုးရွားစွာ ထွက်ခွာသွားမှု ပြီးနောက်တွင် အဲရစ်တန်ဟက်ဟာ ဝက်ဂ်ဟော့ကို ခေါ်ယူရန် လွန်ခဲ့တဲ့ ၁၂ လက အငှားဈေးကွက်သို့ ရောက်လာခဲ့ရပါတယ်။


ယူနိုက်တက်ရဲ့ နံပါတ် ၉ ကစားသမားဟောင်းက ဘန်ဇီးမားဟာ ကောင်းမွန်တဲ့ခေါ်ယူမှုကို ကိုယ်စားပြုမယ်လို့ ယုံကြည်နေပေမယ့် ချဲလ်ဆီး နဲ့ အာဆင်နယ်တို့က ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းကို ရရှိသွားမှာကို စိုးရိမ်နေပါတယ်။


"ယူနိုက်တက်ကလည်း ဘန်ဇီးမားကို လိုချင်နေတဲ့ထဲမှာ ပါနေတာကို ကြားဖူးပါတဘ်။ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ သိဖို့ ကြိုးစားမယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြောဖူးပါတယ်။ ဘန်ဇီးမားက ဘယ်အသင်းအတွက်မဆို စိတ်ဝင်စားဖို့ကောင်းလာမယ်လို့ ထင်ပါတယ်။ သူက အသင်းအတွက် ဂိုးတွေကို ယူဆောင်လာပေးမှာပါ"


"ဇန်န၀ါရီလမှာ ယူနိုက်တက်တို့ ဘာတွေလုပ်လဲဆိုတာ ကြည့်ရအောင်ပါ။ ဒါပေမယ့် ဘာလို့ယူနိုက်တက်က သူ့ကို မခေါ်ယူသင့်တာလဲ။ သူက အတွေ့အကြုံနဲ့ ရည်မှန်းချက်တွေကို ယူဆောင်လာပေးမှာပါ။ အရင်က ရီးရဲလ်မက်ဒရစ်မှာ ရှိခဲ့ဖူးတာကြောင့် အခုအချိန်မှာ ဗာရာနီနဲ့ စကားပြောဖြစ်နိုင်ပါတယ်။ လေ့ကျင့်ရေးက ဘယ်လိုလဲ၊ တန်ဟက်ကရော ဘယ်လိုလဲ၊ မန်ချက်စတာက ဘယ်လိုလဲလို့ မေးမှာပါ"


"ကျွန်တော်ထင်တာကတော့ ဘန်ဇီးမားက သူရောက်နေတဲ့နေရာမှာ မပျော်သလိုဖြစ်နေပြီး ဘောလုံးကစားချင်နေတာပါ။ သူ့မှာ ပိုက်ဆံအတွက် ကစားမှာမဟုတ်တော့ပါဘူး၊ သူ့မှာ ပိုက်ဆံတွေ အကုန်ရှိနေပြီဆိုတော့ သူက ယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ခုပါပဲ" လို့ Betfair သို့ ဘာဘာတော့ဗ်က ပြောပါတယ်။


"ဘန်ဇီးမားက ချန်ပီယံလိဂ်မှာ ကစားချင်နေပြီး ပုံမှန်ပွဲထွက် ကစားချင်နေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ရော်နယ်ဒိုနဲ့ အလွန်တူပါတယ်။ သူလည်း ဆုဖလားတွေ လိုချင်နေပါတယ်"


"တန်ဟက်ပြောတဲ့အတိုင်း ဖြစ်သွားမှာ ဖြစ်သော်လည်း နောက်ဆုံးမှာတော့ တစ်ခါတစ်ရံတွင် ယူနိုက်တက်အမှတ်တံဆိပ်နှင့် အသင်းရဲ့တံဆိပ်ကလည်း ကစားသမားအချို့ကို ဆွဲဆောင်ရန် လိုအပ်ပါတယ်"


"နီကိုလက်စ်ဂျက်ဆင်က ခြေစွမ်းပြသနိုင်သော်လည်း အခွင့်အရေးတွေ ဆုံးရှုံးနေဆဲဖြစ်လို့ ဘန်ဇီးမားက ချဲလ်ဆီးမှာ ပွဲကစားချိန်ပိုရလိမ့်မယ်လို့ ထင်နိုင်ပါတယ်။ ဒါ့အပြင် လန်ဒန်တွင်ရှိတဲ့ အသင်းဖြစ်တာကြောင့် တစ်ခါတစ်ရံမှာ ပတ်ဝန်းကျင်အသစ်ကို ထိုကဲ့သို့သောမြို့ကြီးတွင်ဖြစ်စေချင်မှာပါ"


"အာဆင်နယ်က ချန်ပီယံလိဂ်အောင်မြင်မှုကို လိုက်မီနိုင်တာကြောင့် တူညီတဲ့ အပြောင်းအရွှေ့တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဂျီးဆပ်က ကျယ်ကျယ်ပြန့်ပြန့် ကစားနိုင်တာကြောင့် သူလည်း ပုံမှန်ပွဲထွက်ကစားနိုင်မှာပါ။ ဘန်ဇီးမားဟာ အသင်းရဲ့ကစားဟန်ကြောင့် အာဆင်နယ်မှာ ကစားချင်မှာပါ"


"သူ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်မှုတစ်ခုရှိပေမယ့် အခုအချိန်မှာတော့ လန်ဒန်ကလပ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ဖြစ်နိုင်ပါတယ်"


"ကျွန်တော့်စိတ်ထဲမှာတော့ ဘန်ဇီးမားက ပုံမှန်ပွဲထွက်ကစားချင်နေပြီး ပွဲတိုင်းမဟုတ်ရင်တောင် တခြားပွဲတိုင်းလိုလိုမှာ ကစားချင်နေပါတယ်။ အရန်ခုံမှာထိုင်နေဖို့အတွက်တော့ ပြောင်းရွှေ့မှာမဟုတ်ပါဘူး။ သူက ဘယ်လောက်အထိ ကောင်းနေသေးလဲဆိုတာ သက်သေပြချင်နေလိမ့်မယ်" လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဘန်ဇီးမား #ဆော်ဒီ