ရှေ့သို့
Image

လူစားဝင်လာပြီး နှစ်ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ မာတင်နယ်လီ

10:48 AM, 21 January

ဂါဘရီရယ်မာတင်နယ်လီက မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၅ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်လာပြီး ၂ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂန်းနားတွေ ၃ဂိုးပြတ် ဦးဆောင်ပြီး ပွဲပြီးပြီလို့ မျှော်မှန်းထားချိန် မာတင်နယ်လီက အချိန်ပိုမိနစ်တွေမှာ ၂ဂိုးဆက်တိုက်သွင်းယူပေးခဲ့တာပါ။


မာတင်နယ်လီက "ကျွန်တော် အသင်းအတွက် အရမ်းကျေနပါတယ်။ ကျွန်တော်တို့ ဒီလိုစွမ်းဆောင်ရည်မျိုး လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ၁မိနစ်၊ ၂မိနစ်၊ ၃မိနစ် ဘယ်လောက်ပဲ ကစားရ၊ ကစားရ အသင်းအတွက် ကူညီဖို့ ဝင်လာတာပါ။

ဒီနေ့ ကျွန်တော် ၂ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့ပြီး အသင်းနဲ့ စွမ်းဆောင်ရည်အတွက ကျေနပ်ပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကို ကိုယ်တိုင်သိကြပါတယ်။ အပြင်ဘက်ကလူတွေ ဘယ်လောက်ပြောပြော ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားပါတယ်။


ကျွန်တော်တို့ အဲ့ဒီစွမ်းဆောင်ရည်တွေနဲ့ ဘာလုပ်နိုင်တယ်ဆိုတာ ဒီနေ့ည ပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အလားအလာကို သိထားတာကြောင့် ဒီအတိုင်း ဆက်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ။

ကျွန်တော်တို့မှာ ဒီလိုဂိုးပြတ်နိုင်ပွဲမျိုး လိုအပ်နေပြီး ဒီလိုနိုင်ပွဲမျိုးရဖို့ကလည်း အရေးကြီးပါတယ်။"လို့ ပြောခဲ့ပါတယ်။


အာဆင်နယ်ဟာ ဒီဇင်ဘာ၁၇ရက်နေ့နောက်ပိုင်း ပထမဆုံးနိုင်ပွဲရခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့်၃နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #မာတင်နယ်လီ #ပရီးမီးယားလိဂ်