ရှေ့သို့
Image

ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး တစ်ဦးချင်းဆုတံဆိပ်တစ်ခုကို ဆွတ်ခူးခဲ့တဲ့ ဟာလန်း

10:32 AM, 20 January

ဟာလန်းဟာ ဘော်လွန်းဒီအော်ဆုနဲ့ ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေမှာ မက်ဆီကို ရှုံးနိမ့်ခဲ့ပြီးနောက် မနေ့ညကတော့ ပထမဆုံး တစ်ဦးချင်းဆုတံဆိပ်တစ်ခုကို စတင်ရရှိခဲ့ပါတယ်။

မန်စီးတီးနဲ့ နော်ဝေတိုက်စစ်မှူးဟာ Globe Soccer Awardက ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ဒူဘိုင်းမှာ ဆုလက်ခံရယူခဲ့ပါတယ်။ ဟာလန်းက အဆိုပါဆုကို မက်ဆီနဲ့ ရော်နယ်ဒိုအပြင် မန်စီးတီးအသင်းဖော်တွေကိုပါ ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့တာပါ။

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကလည်း ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါဆုပေးပွဲမှာ ရော်နယ်ဒိုက အရှေ့အလယ်ပိုင်း အကောင်းဆုံးကစားသမားဆု၊ ၂၀၂၃ခုနှစ်အတွင်း ဂိုးသွင်းအများဆုံး ကစားသမားဆုအဖြစ် မာရာဒိုနာဆု၊ ပရိသတ်တွေရဲ့မဲပေးရွေးချယ်မှု အများဆုံးဆုတို့ကို ဆွတ်ခူးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ်က အကောင်းဆုံးလူငယ်ကစားသမားဆု၊ ဘွန်မာတီက အကောင်းဆုံးအမျိုးသမီး ကစားသမားဆုတွေကို ဆွတ်ခူးသွားခဲ့ပါတယ်။ အလားတူ အီဒါဆန်က အကောင်းဆုံး ဂိုးသမားဆု၊ ရိုဒရီက အကောင်းဆုံးကွင်းလယ်လူဆုတွေကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။

#နော်ဝေ #ဟာလန်း #မက်ဆီ