ရှေ့သို့
Image

ပွဲမကစားရပေမယ့် ဆန်ချိုရဲ့စွမ်းဆောင်ရည်က ထူးချွန်နေဆဲလို့ နည်းပြ တာဇစ် ပြောကြား

9:16 AM, 19 January

ယူနိုက်တက်မှာ တန်ဟက်နဲ့ အချင်းများခဲ့ပြီးနောက် ဆန်ချိုတစ်ယောက် လေ့ကျင့်ခန်း မဆင်းရတဲ့အပြင် ပွဲပါကစားခွင့်မရခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်သားဟာ အသင်းဟောင်းကို ပြန်လာချိန်မှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး စနေနေ့တုန်းက မာကိုရူးစ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကိုလုံးနဲ့ ပွဲမတိုင်ခင် တာဇစ်က ဆန်ချိုနဲ့ မတ်ဆန်တို့ရဲ့ အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဆန်ချိုက ပုံစံကောင်းအနေအထားနဲ့ ဒီကိုရောက်လာတယ်ဆိုတာ မှန်ပါတယ်။ သူ့အနေနဲ့ အချိန်အတော်ကြာ လေ့ကျင့်ခွင့်ကော ကစားခွင့်မရခဲ့ပါဘူး။ ကျေးဇူတင်ရမှာက ဒမ်စတက်နဲ့ပွဲမှာ ဒဏ်ရာ မရခဲ့တာပါ။ လေ့ကျင့်ခန်း အစီအစဉ်တိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပျော်ရပါတယ်။ ကွင်းထဲကို ပြန်လာရတာလည်း သူပျော်နေပါတယ်။ ဒီအပတ်မှာ သူအကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အီယန်နဲ့ ဆန်ချိုတို့ ၂ ဦးစလုံးကို စစ်ဆေးခဲ့ပါတယ်။ သူတို့ ၂ ယောက်စလုံး ထူးချွန်ကြပါတယ်။ အဲ့အတွက် ကျွန်တော်တို့ ပျော်ပါတယ်”လို့ တာဇစ်က ပြောကြားခဲ့ပါတယ်။

ဆန်ချိုဟာ ယခင်တုန်းက ဒေါ့မွန်အတွက် ၁၃၈ ပွဲမှာ ၅၀ ဂိုးသွင်း ၊ ၆၄ ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး တာဇစ်အနေနဲ့ နေရာပေးရဖွယ်ရှိနေပါတယ်။ ဒေါ့မွန်ဟာ လက်ရှိအမှတ်ပေးဇယားမှာ လိုက်ပ်ဇစ် tသင်းရဲ့နောက် ၃ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ကိုလုံးနဲ့ ပွဲကို ဟမ်မဲလ် နဲ့ မာကိုရူးစ်တို့ ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ နည်းပြ တာဇစ်က ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်ဟာ ကိုလုံးနဲ့ ကစားခဲ့တဲ့နောက်ဆုံးအဝေးကွင်း ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန်ချို #ပရီးမီးယားလိဂ် #တာဇစ်