ဘရန့်ဖို့ဒ်အသင်းထံ အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ရီဂူလွန်
11:07 AM, 18 January
တော့တင်ဟမ်နောက်ခံလူ ရီဂူလွန်တစ်ယောက် ဘရန့်ဖို့ဒ်အသင်းထံ အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ မန်စီးတီးက မက္ကဆီကိုလူငယ်စတား အဲလက်စ်အယ်လ်ကာလာကို ခေါ်ယူလိုက်ပါတယ်။
စပိန်သားဟာ ပထမရာသီဝက်ကို ယူနိုက်တက်မှာ အချိန်ကုန်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ဒုတိယရာသီဝက်ကို ဘရန့်ဖို့ဒ် အသင်းမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ဘရန့်ဖို့ဒ်က အားထားရတဲ့ ဘယ်နောက်ခံလူ ဟင်နရီနေရာမှာ အစားထိုးခဲ့တာဖြစ်ပါတယ်။
ရီဂူလွန်ဟာ ၂၀၂၀ စက်တင်ဘာတုန်းက ရီးရဲလ်ကနေ တော့တင်ဟမ်ထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ပုံမှန်ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် အယ်လ်ကာလာဟာ အယ်လ်ဂလက်ဆီ အသင်းထံကနေ စီးတီးထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ စီးတီးဟာ အယ်လ်ကာလာကို ၂၀၂၀ ကတည်းက ခေါ်ယူဖို့ သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်တဲ့ အချိန်အထိ စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။
“အယ်လ်အေဂလက်ဆီရဲ့နောက်ထပ်စတားတစ်ဦး ကမ္ဘာ့အကောင်းဆုံး အသင်းထံ ပို့ဆောင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ အဲလက်စ်အနေနဲ့ အခွင့်အရေးကို အသုံးချနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ နည်းပြ ဝဲလ်ကန့်ဇ်က ပြောကြားခဲ့ပါတယ်။