ရှေ့သို့
Image

စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာကြယ်ပွင့်ရဲ့ ပါးရိုက်ခံရမယ်လို့ ခြိမ်းခြောက်ပြောကြားခြင်းခံခဲ့ရတဲ့ ဗင်နီစီးယက်စ်

10:24 AM, 17 January

ဘရာဇီးနိုင်ငံသားဟာ တနင်္ဂနွေနေ့က အယ်လ်အာဝယ်လ်အားကစားကွင်း၌ ရီးရဲလ်မက်ဒရစ်အတွက် သူရဲကောင်းဖြစ်ခဲ့ပြီး အံ့အားသင့်ဖွယ် ပထမဆုံး ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်တွင် အဖွင့်ဂိုးကို သွင်းယူခဲ့သလို နောက်ထပ် ၃ မိနစ်အကြာမှာ ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၃၉ မိနစ်မှာတော့ ဟက်ထရစ်ဖြစ်စေမယ့်ဂိုးကို ပယ်နယ်တီမှတဆင့်သွင်းယူခဲ့ပါတယ်။ ဗင်နီစီးယက်စ်ကို ဂိုးဖန်တီးပေးခဲ့တဲ့ ဘယ်လင်ဂမ်က အသက် ၂၃ နှစ်အရွယ်ကစားသမားကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

သူ့ရဲ့အောင်ပွဲခံမှုအတွင်း ဗီနီဆီးယက်စ်ဂျူနီယာဟာ ဘာစီလိုနာကစားသမား တစ်ဦးကို အနိုင်ယူနိုင်ခဲ့ပါတယ်။ Movistar ရဲ့ရည်ညွှန်းဖော်ပြချက်အရ ပွဲအတွင်း ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွင် ဖာရန်တောရက်စ်ဟာ ဖလာမင်ဂို တောင်ပံကစားသမားဟောင်းအား အော်ဟစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

စပိန်သားဟာ ဗင်နီစီးယက်စ်ရဲ့ လှောင်ပြောင်မှုအချို့ကြောင့် မပျော်မရွှင်ဖြစ်ပြီး အရန်ခုံမှာထိုင်နေချိန်မှာပဲ အသင်းဖော် ပက်ဒရီအား သူ့ကို စော်ကားပါက ဘရာဇီးသားကို သူဘာလုပ်မယ်ဆိုတာကို ပြောကြားခဲ့ပါတယ်။ "ဒီကောင်ဘာမှမပြောဘူးရင် သူ့ကို နှောင့်ယှက်လိမ့်မယ်လို့ ကျိန်ဆိုတယ်ကွာ" "ဖင်ပေါက်က ငါ့ကို တစ်ခုခုပြောရင် သူ့ကို ချေမှုန်းပစ်မယ်" လို့ တောရက်စ်က ဆိုပါတယ်။

ပွဲကစားနေစဉ်အတွင်း ခရစ်စတီယာနိုရော်နယ်ဒိုရဲ 'Siu' အောင်ပွဲခံတဲ့ပုံစံဖြင့် ဗီနီဆီးယက်စ်ဂျူနီယာ ပြိုင်ဘက်ကစားသမားများရဲ့ရှေ့တွင် ရယ်လျက် အောင်ပွဲခံခဲ့ပြီး အရန်ခုံတန်းဘက်ကိုတောင် လက်ပြခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ် ၇ က ပွဲအတွင်း သူဟာ စကားအလွန်များခဲ့ပြီး အဲ့ဒီလိုနေရာတွေမှာတော့ တိုးတက်ဖို့လိုနေသေးကြာင်း ဝန်ခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူက "ဒါက စိတ်မကောင်းစရာပါပဲ။ လူတိုင်းက ဗင်နီ လုပ်လိုက်တာ၊ ဗင်နီ လုပ်တယ်' ဆိုတာ သူတို့သိတဲ့အတွက်ကြောင့်ပဲ သတင်းစာတွေမှာ ဗီနီလုပ်ခဲ့တာလို့ လူတိုင်းက သိထားကြပါတယ်။ "ကျွန်တော် စိတ်တည်ငြိမ်အောင် ထားပြီး အတတ်နိုင်ဆုံး အာရုံစိုက်ပြီး ကြိုးစားခဲ့တယ်။ အဲဒါက ကျွန်တော့်အတွက် မဟုတ်ပါဘူး" "ကျွန်တော်က သူတော်စင်မဟုတ်ပါဘူး။ တစ်ခါတလေ စကားအရမ်းပြောတတ်ပါတယ်၊ တခါတရံမှာ မဖြစ်သင့်တဲ့ အခါတွေမှာလည်း မပြောမိပါတယ်။ ဒါပေမယ့် အဲ့ဒီလိုနေရာတွေမှာ တိုးတက်ပြီး ကလေးတွေအတွက် စံနမူနာပြဖြစ်အောင်၊ တိုးတက်ချင်ပါတယ်" လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကြာသပတေးနေ့တွင် ကိုပါဒယ်ရေးပြိုင်ပွဲအဖြစ် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နှင့် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးယက်စ် #စပိန်စူပါဖလား