ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ပြီး ဘာကြောင့် တော့တင်ဟမ်သို့ ပြောင်းရွှေ့ခဲ့ရသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဒရာဂူဆင်

10:12 AM, 17 January

တော့တင်ဟမ်လူငယ်ကြယ်ပွင့် ဒရာဂူဆင်ဟာ အန်ဂီပိုစတီကိုဂလူရဲ့အသင်းသို့ ပြောင်းရွှေ့ရန် ဘိုင်ယန်မြူးနစ်ကို ငြင်းပယ်ပြီးနောက် ကောင်းကင်ဟာ ကန့်သတ်ချက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂျာမနီတိုက်စစ်မှူး ဝါနာကို အငှားခေါ်ယူမှု အပြီးသတ်ပြီးနောက် မြောက်လန်ဒန်ကလပ်ဟာ ဘွန်ဒက်လီဂါဘီလူးကြီးနှင့်အပြိုင် ရိုမေးနီးယားနောက်ခံလူကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးနောက် ဂျီနိုအာကို ပေါင် ၂၅ သန်းအထိ ရရှိစေခဲ့တဲ့ အပြောင်းအရွေ့မှာ ဒရာဂူဆင်ဟာ တော့တင်ဟမ်နှင့် ၆ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကို လှည့်စားခဲ့တာ မှန်သလားလို့ မေးမြန်းရာမှာ အသက် ၂၁ နှစ်အရွယ် ကစားသမားက "မှန်ပါတယ်" လို့ ဖြေပါတယ်။ "တော့တင်ဟမ်ကို ရွေးချယ်ခဲ့တာဆိုတော့ ဒါဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ခံစားခဲ့ရပြီး နည်းပြနဲ့ တကယ်ကို ကောင်းမွန်စွာ စကားပြောဆိုခဲ့ပါတယ်" "အပြောင်းအရွှေ့မဖွင့်ခင် တစ်လ အလိုကတည်းက သူတို့က ကျွန်တော့်ကို လိုချင်နေတာဖြစ်တယ်လို့ထင်ပါတယ်။ ဒါကြောင့် အဲ့ဒီအချက်က ကျွန်တော့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုလို့ထင်ပါတယ်" "ကျွန်တော် ဒီအသင်းကို တကယ်ယုံကြည်ပြီး ကစားသမားဘဝကို ဆက်လက်လုပ်ဆောင်ဖို့နဲ့ ဒီလိုမယုံကြည်နိုင်စရာကောင်းတဲ့ကွင်းကြီးထဲမှာ အသင်းဖော်တွေနဲ့ တိုးတက်အောင်မြင်ဖို့က ကျွန်တော့်အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုပါပဲ"လို့ သူက ပြောပါတယ်။

တနင်္ဂနွေနေ့က ယူနိုက်တက်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပထမဆုံးပွဲထွက်ခွင့်ရတာက မယုံနိုင်လောက်အောင်ပါပဲလို့ ဒရာဂဆင်က ပြောကြားခဲ့ပြီး အသင်းမှာ စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်နေတယ်လို့ ယုံကြည်နေပါတယ်။

"ကျွန်တော့်အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားရဖို့ပါ။ ဒါကြောင့် တော့တင်ဟမ်သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ" "ဒီကအသင်း လူတွေက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ရောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့နဲ့ ပေါင်းလိုက်ရင် အများကြီး အထောက်အကူဖြစ်မယ်လို့ ခံစားရပါတယ်" "ကောင်းကင်က အကန့်အသတ်ရှိပါတယ်။ ကျွန်တော်တို့ လိဂ်မှာ အတတ်နိုင်ဆုံး မြင့်မားနေဖို့ မျှော်လင့်ပြီး အဲဒီ့ကနေ မြင်နိုင်မှာပါ" လို့ သူက ပြောပါတယ်။

သူက ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်မှု အရှိန်အဟုန်နှင့် စိတ်အားထက်သန်မှုကို နှစ်သက်ပြီး တော့တင်ဟမ်ကို ကိုယ်စားပြုတဲ့ စတုတ္ထမြောက်ရိုမေးနီးယားနိုင်ငံသားအဖြစ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။ ရိုမီရို နှင့် ဗန်ဒီဗန်တို့လို ဗဟိုခံစစ်နေရာအတွက် ပြိုင်ဆိုင်မှုများ ရှိနေတာကိုသိသော်လည်း တစ်ဦးနဲ့တစ်ဦး တိုးတက်အောင်လုပ်နိုင်တယ်လို့ ထင်နေပါတယ်။

ဂျူဗင်တပ်စ်မှ ထွက်ခွာပြီးနောက် ခြေတစ်လှမ်းဆုတ်ပြီးကာ တော့တင်ဟမ်သို့ ပြောင်းရွှေ့ကြေးကြီးကြီးမားမားဖြင့် ရောက်လာခဲ့တဲ့ ဒရာဂူဆင်းအတွက် စိန်ခေါ်မှုအားဖြင့် ကြီးကြီးမားမားဖြစ်ရန် အခွင့်အလမ်းမရှိက သေချာနေပါတယ်။ နောက်ခံလူဟာ အသက် ၁၆ နှစ်အရွယ်တွင် တူရင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဆမ်ဒိုးရီးယား၊ ဆာလာနီတာနာနှင့် စီးရီးတွင်က ဂျီနိုအာတို့ထံ ပြောင်းရွှေ့မကစားမီ ပထမအသင်းတွင် ၄ ပွဲ ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က တော့တင်ဟမ်ထံသို့ မရောင်းချမီ ပြီးခဲ့တဲ့ရာသီ တန်းတက်လာပြီးနောက် သူ့ကို ဂျီနိုအာက အငှားကနေ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

"အစကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခဲ့ပြီး ဘောလုံးကစားချင်ခဲ့ပါတယ်" "လုပ်ရမယ့် စွန့်စားမှုတွေ အများကြီးရှိတယ်ဆိုတာ နားလည်ပါတယ်။ ကိုယ်ပိုင် လေ့ကျင့်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ရက်ပေါင်းများစွာ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒါက ကျွန်တော့်ရဲ့ အိပ်မက်ဖြစ်ပြီး ကစားသမားဘဝမှာ အဖြစ်နိုင်ဆုံး အမြင့်ဆုံးအဆင့်သို့ ရောက်တဲ့အထိ ရပ်တန့်သွားမှာ မဟုတ်ပါဘူး" လို့ ဒရာဂူဆင်က ပြောပါတယ်။

#တော့တင်ဟမ် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဒရာဂူဆင်