ရှေ့သို့
Image

ဖီဖာအကောင်းဆုံးဆုပေးပွဲမှာ မြောက်လန်ဒန်ပြိုင်ဘက်ကြီးကို ခနဲ့တဲ့တဲ့လှောင်ပြောင်လိုက်တဲ့ အာဆင်နယ်ဂန္တဝင် အွန်နရီ

10:29 AM, 16 January

အာဆင်နယ်ဂန္တဝင်အွန်နရီက ဖီဖာတစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲအခမ်းအနားမှာ မြောက်လန်ဒန်ပြိုင်ဘက်ကြီး တော့တင်ဟမ်ကို ခနဲ့တဲ့တဲ့လှောင်ပြောင်ရင်း ဟာသလုပ်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ အွန်နရီက ဂန်းနားတွေအတွက် ၃၇၇ ပွဲကစား၊ ၂၂၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀၃ ကြိမ် ပြုလုပ်ပေးခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်၊ အက်ဖ်အေဖလား ချန်ပီယံဆု နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း၊ လန်ဒန်မြို့မှာကျင်းပတဲ့ ဖီဖာတစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲအတွင်း အွန်နရီက မက်ဆီကို ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရကစားသမားအဖြစ် ကြေညာခဲ့ပြီးနောက် တော့တင်ဟမ်အသင်းကို ခနဲ့တဲ့တဲ့ လှောင်ပြောင်ပြောဆိုခဲ့တာပါ။ အခုအခမ်းအနားဆီ မက်ဆီ တက်ရောက်လာခြင်းမရှိလို့ အွန်နရီက အာဂျင်တီးနားစတားအတွက် ဒီဆုကို သူသိမ်းပေးထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနောက်မှာ အာဆင်နယ်ဟီးရိုးက တော့တင်ဟမ်ပရိသတ်ဖြစ်တဲ့ တွဲဖက်တင်ဆက်သူ ချောင်ဒူရီဘက် လှည့်ပြီး “ဘာကြောင့်လဲဆိုတော့ ခင်ဗျားက ဆုဖလားတွေ အများကြီး မရရှိထားလို့ပဲ”လို့ ပြောဆိုခဲ့ပါတယ်။ တော့တင်ဟမ်က ၂၀၀၈ ခုနှစ် လိဂ်ဖလားအောင်မြင်မှုနောက်ပိုင်း ယနေ့အချိန်အထိ နောက်ထပ်မေဂျာဆုဖလားအောင်မြင်မှု မရရှိခဲ့ပါဘူး။
သူတို့ရဲ့ အက်ဖ်အေဖလားနောက်ဆုံးအောင်ပွဲက ၁၉၉၁ ခုနှစ်မှာဖြစ်ပြီး ၁၉၆၁ ခုနှစ်နောက်ပိုင်းကတည်းက အင်္ဂလန်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခြင်းလည်း မရှိပြန်ပါဘူး။

#ဖီဖာ #အာဆင်နယ် #အွန်နရီ #ပရီးမီးယားလိဂ်