ရှေ့သို့
Image

ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ ဘန်ဇီးမား

10:20 AM, 16 January

ဘန်ဇီးမားဟာ အရင်ကတည်းက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ဖူးတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘန်ဇီမားကို ၆ လ အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း ဂျာနယ်လစ် ဂျာဗီယာ ပါရာပီနာက ပြောကြားခဲ့ပါတယ်။

ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာကတည်းက အယ်လ်အီတီဟတ်အတွက် ၂၄ ပွဲကစား ၁၅ ဂိုး သွင်းယူထားသော်လည်း ဆောင်းရာသီအားလပ်ရက်တွင် လေ့ကျင့်ရေးအစီအစဉ်များစွာကို လွဲချော်ပြီးနောက် နည်းပြမာဆယ်လို ဂါလာဒိုရဲ့ ဆိုးရွားတဲ့ လူစာရင်းမှာ ရှိနေတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ ထို့အပြင် ပြင်သစ်လက်ရွေးစင်နှင့် ၂၀၂၂ ဘော်လွန်းဒီအော်ဆုရှင်ကို ဇန်နဝါရီတွင် ယူနိုက်တက်က စောင့်ကြည့်နေပြီး ဥရောပသို့ ပြန်လည်ခေါ်ယူရွှေ့ရန် စီစဉ်နေပြီဟု ပီနာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်အတွက် ၁၄ ရာသီကြာ ကစားခဲ့တဲ့ ၆၄၈ ပွဲတွင် ၃၅၄ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်သို့ မသွားဘဲ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို မပယ်ချခဲ့ဘူးဆိုရင် ပြင်သစ်သားအတွက် ကွာခြားသွားနိုင်ပါတယ် ဒါပေမဲ့ စပိန်ကလပ်က ကြီးမားတဲ့ ကမ်းလှမ်းမှုလုပ်ခဲ့တာဖြစ်ပါတယ်။

လိုင်ယွန်ဥက္ကဌဟောင်း ဂျင်းမီချယ်အော်လက်စ်က ရီးရဲလ်မက်ဒရစ်ရဲ့ ဘန်ဇီးမားကို ခေါ်ယူထားတဲ့ ပေါင် ၃၅ သန်းထက် မြင့်မားသောပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်က ကမ်းလှမ်းခဲ့ကြောင်း ပြောဆိုထားပါတယ်။ သို့သော်လည်း အော်လက်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့နည်းပါးတဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ကစားသမားရဲ့ တစ်သက်တာ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပြင်ဆင်ထားကြောင်း ဝန်ခံခဲ့ပါတယ်။

beIN Sports သို့ "ကာရင်က လိုင်ယွန်ကနေ ထွက်ခွာဖို့လုပ်တုန်းက ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကမ်းလှမ်းမှုနှစ်ခုရှိခဲ့ပါတယ်" "ဖီကာလိုမျိုး ကာရင်က ကျွန်တော့်ကို လာတွေ့ပါတယ်။ အဲဒီ့မှာ ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးတွေရှိပါတယ်။ ပြီးတော့ ကျွန်တော့်အိပ်မက်က ရီးရဲလ်မက်ဒရစ်အတွက် ကစားဖို့ပါပဲလို့ ပြောခဲ့ပါတယ်" "ဒါကြောင့် သူဟာ ယူနိုက်တက်ထက်စျေးထက်နိမ့်တဲ့ အခကြေးငွေနဲ့ ရီးရဲလ်မက်ဒရစ်သို့ပြောင်းသွားခဲ့ပါတယ်"လို့ ပြောပါတယ်။

ဘန်ဇီးမားဟာ လာလီဂါချန်ပီယံ ၄ ကြိမ်၊ ကိုပါဒယ်ရေး ၃ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းတွင် ဆုဖလား ၂၄ လုံး ရရှိခဲ့ပါတယ်။ ပြင်သစ်သားဟာ ဘော်လွန်းဒီအော် ၅ ကြိမ်ဆုရှင် ထွက်ခွာသွားချိန် ကလပ်ရဲ့ တိုက်စစ်အတွက် တာဝန်မယူမီ ခရစ္စတီယာနို ရော်နယ်ဒိုအတွက် ထိရောက်တဲ့ ပံ့ပိုးမှုတွေကို လုပ်ပေးခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ဘန်ဇီးမား #ပရီးမီးယားလိဂ်