ရှေ့သို့
Image

လာမယ့် ပရဟိတပွဲအတွက် လီဗာပူးဂန္တဝင်အသင်းကို ကိုင်တွယ်ဖို့က သူ့အိပ်မက်ဖြစ်မယ်လို့ ပြောကြားလိုက်တဲ့ အဲရစ်ဆင်

10:07 AM, 16 January

လာမယ့် မတ်လမှာ အေဂျက်စ်နဲ့ ကစားမယ့် ကစားသမားဟောင်းတွေရဲ့ ပရဟိတပွဲအတွင်း လီဗာပူးကို ကိုင်တွယ်ဖို့က သူ့ရဲ့ အိပ်မက်ဖြစ်လိမ့်မယ်လို့ ဂိုရင်အဲရစ်ဆင်က ဝန်ခံခဲ့ပါတယ်။ အသက် ၇၅ နှစ်အရွယ် အင်္ဂလန်နည်းပြဟောင်းဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်က ကင်ဆာရောဂါရှိကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် အဲရင်ဆင်အား အသင်းနည်းပြခွင့်ပေးဖို့အတွက် ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက အဲရစ်ဆင်ကို ပွဲအတွက် အရန်ခုံမှာ ထိုင်ခိုင်းဖို့ ခေါ်သွားပြီ လို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။ တစ်နှစ်ဝန်းကျင်သာ အသက်ရှင်နေထိုင်ရတော့မယ်လို့ ဝန်ခံခဲ့တဲ့ အဲရစ်ဆင်က လီဗာပူးပရိသတ်တစ်ယောက် အနေနဲ့ ကလပ်ကို နည်းပြချင်ကြောင်း ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က Good Morning Britian မှာပြောခဲ့တဲ့ အဲရစ်ဆင်ကို ရုပ်မြင်သံကြားအစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ ရိဒ်က လီဗာပူးပရိသတ်တွေက ပရဟိတပွဲအတွက် အသင်းကို စီမံခန့်ခွဲပေးဖို့ တောင်းဆိုခဲ့တာကို သိပါသလား၊ အဲဒါရော နည်းပြကြီး အမြဲလုပ်ချင်တဲ့အရာဟုတ်မဟုတ် မေးမြန်းခဲ့ပါတယ်။

"ကျွန်တော် မသိပါဘူး။ သူတို့မှာ ပရဟိတပွဲရှိတယ်ဆိုတာတော့ ကျွန်တော်သိပါတယ်။ မတ်လမှာ ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်သားကို အဲဒီပွဲကို ကြည့်ရှုဖို့ ဖိတ်ခေါ်ထားပါတယ်။ အဲဒါက အရမ်းကောင်းပြီး အဲဒီမှာ ဘောလုံးကစားသမားကောင်းတွေ အများကြီး ရှိပါလိမ့်မယ်" "ဒါပေမယ့် ကျွန်တော်က သူတို့ရဲ့ နည်းပြရော ဖြစ်သင့်ပါသလား။ မဟုတ်ဘူးလောက်ပါဘူး ကျွန်တော်လည်း တစ်ခါမှ မကြားဖူးပါဘူး" လို့ အဲရင်ဆင်က ပြန်ဖြေပါတယ်။

ဖောင်လာကသာ အသင်းကို တာဝန်ယူဖို့ မျှော်လင့်ထားသော်လည်း အဲရစ်ဆင်ကသာ အသင်းကို တာဝန်ယူပေးဖို့ ပရိသတ်အများအပြားက အွန်လိုင်းပေါ်တွင် တောင်းဆိုလာကြပါတယ်။

Football YouTuber နှင့် လီဗာပူးပရိသတ် ဟော်နီက X တွင် "လီဗာပူးဂန္တဝင်နဲ့ အေဂျက်စ်ပွဲစဉ်ကို တာဝန်ယူဖို့ အဲရစ်ဆင်ကို ခေါ်လိုက်ရအောင် ဒါဟာ သူ့အတွက် နောက်ဆုံးအိပ်မက်တစ်ခုပါ" လို့ ရေးသားထားပါတယ်။

လူးဝစ်ဂါစီယာကလည်း သူပါဝင်ခွင့်ရရှိနေဆဲဖြစ်ကြောင်း ရေးသားခဲ့ပြီး ကလပ်ရဲ့အကြောပြင်ဆရာဟောင်း ရန်ရှောကလည်း အဆိုပါတောင်းဆိုချက်ကို ထောက်ခံကာ ဖော်လာအား ပြောကြားထားပါတယ်။

ရိဒ်က အဲရစ်ဆင်အား "သူတို့က နည်းပြကြီးကိုကမ်းလှမ်းရင် လက်ခံမှာလား" လို့ မေးလိုက်တဲ့အခါ အင်္ဂလန်နည်းပြဟောင်းက ရယ်မောကာ "လက်ခံမှာပေါ့" လို့ ပြန်ဖြေပါတယ်။ "အဲဒါ ကျွန်တော့်အိမ်မက်ပါပဲ။ အဲဒါက အမြဲတမ်း ကျွန်တော့် အိပ်မက်ပါ။ ဒါပေမယ့် အိပ်မက်တစ်ခုလိုတော့ မညည်းညူလိုပါဘူး။ ကျွန်တော့်မှာ ဘောလုံးအသင်းကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ နိုင်ငံအသင်းများနှင့် ကလပ်အသင်းတွေဖြစ်လို့ ကျွန်တော်ပျော်ပါတယ်"လို့ ပြောပါတယ်။

အဲရင်ဆင်ရဲ့ နောက်ဆုံးအိပ်မက်က မတ်လ ဝင်ဘလေတွင် အင်္ဂလန်နဲ့ ဘရာဇီးတို့ ကစားရမယ့်ပွဲကို ကြည့်ဖို့ဖြစ်ပါတယ်လို့ ထပ်လောင်းပြောကြားလိုက်ပါတယ်။ အသက် ၇၅ နှစ်အရွယ်အဲရစ်ဆင်ဟာ  အင်္ဂလန်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်ကြားတွင် ကိုင်တွယ်ခဲ့ပြီး အဓိကပြိုင်ပွဲ ၃ ခုရဲ့ ကွာတားဖိုင်နယ်သို့ရောက်ရှိခဲ့ကာ ၆၆ ပွဲ အထိ နည်းပြခဲ့တာဖြစ်ပါတယ်။

ဆွီဒင်သားဟာ မန်စီးတီး၊ ဘင်ဖီကာ၊ လာဇီယိုနှင့် လက်စတာစီးတီးတို့ အပါအဝင် ကလပ်အသင်းများစွာဖြင့် အောင်မြင်တဲ့နည်းပြဘဝကို ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် နည်းပြဘဝမှ အနားယူခဲ့ပါတယ်။ မကြာသေးမီက ဆွီဒင်ရှိ ကာလ်စတက်ရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသော်လည်း ကျန်းမာရေးပြဿနာများကြောင့် ပြီးခဲ့တဲ့နှစ်က ကလပ်မှ ထွက်ခဲ့ပါတယ်။

လီဗာပူးနှင့် ဆက်စပ်ပတ်သက်မှုအပေါ် အဲရစ်ဆင်က Sky News သို့ "ကျွန်တော့်အဖေက လီဗာပူးပရိသတ်တစ်ဦးဖြစ်ပြီး ကျွန်တော်ကလည်း လီဗာပူးကို အမြဲတမ်းအားပေးသူပါ" "ဒါကြောင့် ကျွန်တော်က အမြဲတမ်း လီဗာပူးရဲ့နည်းပြ ဖြစ်ချင်ပါတယ်။ ဒါက ဖြစ်မလာခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးပရိသတ်တစ်ဦးပါပဲ" လို့ ပြောပါတယ်။

ရောဂါကို ရှာဖွေတွေ့ရှိခဲ့သော်လည်း နည်းပြဟောင်းကြီးကတော့ အဆိုပါရောဂါကို ဆက်လက်တိုက်ဖျက်မယ်လို့ ကတိပြုထားခဲ့ပါတယ်။ "ကျွန်တော် အရှုံးမပေးပါဘူး။ နေ့တိုင်း ပုံမှန်နေ့လေးပဲ နေချင်ပါတယ်"  "ကျွန်တော် ပုံမှန်အတိုင်း နေထိုင်ချင်ပါတယ်၊ လက်ကျန်ဘဝရဲ့ ရည်ရွယ်ချက်က မနက်အိပ်ရာနိုးတာနဲ့ အဆင်ပြေသလို ခံစားရပြီး မနက်ခင်းအများစုကတော့ အဆင်ပြေတယ်လို့ ခံစားရပါတယ်။ နေမကောင်းပေမယ့် တတ်နိုင်သလောက်တော့ ကောင်းအောင်လုပ်နေပါတယ်" လို့ Good Morning Britian သို့ ပြောကြားခဲ့ပါတယ်

#လီဗာပူး #အဲရစ်ဆင် #ပရီးမီးယားလိဂ်