ရှေ့သို့
Image

တော့တင်ဟမ်နဲ့ပွဲမှ ရက်ရှ်ဖို့ဒ်ရဲ့အောင်ပွဲခံအမူအယာကို ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

4:19 PM, 15 January

တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အောင်ပွဲခံအမူအယာနဲ့ပတ်သက်ပြီး ရွိုင်ကိန်းက ဝေဖန်ပြောဆိုလာခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ၂ သင်းစလုံးဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်တွေ အတွက် ဖျော်ဖြေမှုပေးနိုင်ခဲ့သော်လည်း အနိုင် အရှုံးရလဒ် ပြတ်ပြတ်သားသားထွက်ပေါ်ခဲ့ခြင်းမရှိဘဲ ၂-၂ ဆိုတဲ့ သရေ ရလဒ်သာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။  ပွဲအစ ၃ မိနစ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဟွိုက်လန်းက သွင်းယူပေးခဲ့သလို ၁၆ မိနစ်အကြာမှာတော့ ရစ်ချာလီဆန်က တော့တင်ဟမ်အတွက်ပြန်လည်ချေပခဲ့ပါတယ်။

ပထမပိုင်းပြီးကာနီး ၄၀ မိနစ်မှာ မားကက်ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် နောက်ထပ်ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဒုတိယပိုင်းအစမှာပဲ ဘန်တန်ကာက တော့တင်ဟမ်အတွက် ထပ်မံချေပခဲ့တာကြောင့် သရေလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲမှာ သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ဂိုးဟာ ၂၀၂၃ မေလနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ သူ့အတွက် ပထမဆုံးသွင်းဂိုးဖြစ်လာခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းနဲ့ လုပ်ဖော်ကိုင်ဖက် ဂျေမီရက်နပ်တို့က ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းပြီးနောက်အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ကိန်းက “ကျွန်တော်တို့ ဒီထက်ပိုမြင်ချင်ပါတယ်။ သူက ဒီထက်ပိုကောင်းတာကို ပြသထားနိုင်ခဲ့ပြီး အရည်အသွေးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် သူကလူတိုင်းကို စိတ်ပျက်နေတဲ့ပုံစံမျိုး ပြသခဲ့ပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်မှာ ကစားနေရတာနဲ့ကို ပျော်ရွှင်နေရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဂျေမီရက်နပ်ကလည်း “သူအဲဒီလို စိတ်ဆိုးစိတ်ပျက်တဲ့ပုံ လုပ်လို့မပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က အကောင်းဆုံးပုံစံမပြရသေးလို့ပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီဂိုးဟာ မေလနောက်ပိုင်း ရက်ရှ်ဖို့ဒ်ရဲ့ပထမဆုံး ဂိုးဖြစ်တယ်လို့ပြောတဲ့အခါမှာ ရက်နပ်က “ဒါက မလုံလောက်ပါဘူး။ သူက လုံလောက်အောင် မကောင်းပါဘူး။ သူ့ရဲ့အရည်အချင်းနဲ့ဆို လူတွေကို ပြောင်းပြန်ဖြစ်စေမယ့်အတွေးတွေ ထည့်ပေးလို့ရပါတယ်။ ဒီလို စိတ်ပျက်တဲ့ပုံလုပ်မနေသင့်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရွိုင်ကိန်းက “သူ့မှာ ထူးခြားချက်ရှိလာတယ်လို့ အသင်းရဲ့မန်နေဂျာနဲ့ နည်းပြဝန်ထမ်းတွေပြောကြပါတယ်။ ရက်ရှ်ဖို့ဒ်က နေရာလွတ်တွေကို ပြေးထွက်တဲ့ နေရာမှာ အရမ်းကောင်းပြီး ရပ်တန့်လို့မရနိုင်အောင်ပါပဲ။ မနေ့က နယူးကာဆယ်နဲ့ပွဲမှာ မန်စီးတီးကစားသမားတွေလည်း ဒီလိုပါပဲ။ ရက်ရှ်ဖို့ဒ်ကလည်း ဒီလိုစွမ်းဆောင်နိုင်တာကြောင့် ရပ်တန့်ဖို့ခက်ခဲတဲ့ ကစားသမားပါ” လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲမှာ သရေကျခဲ့တာကြောင့် ယူနိုက်တက်ဟာ ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့အထက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်ရှိသွားပါတယ်။ လက်ရှိမှာ တန်ဟက်ရဲ့အသင်းဟာ ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၈ မှတ်အထိ ကွာဟနေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၁၃ မှတ်ကွာဟနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရက်ရှ်ဖို့ဒ် #ရွိုင်ကိန်း #ပရီးမီးယားလိဂ်