ရှေ့သို့
Image

ဆော်ဒီအာရေးဗျမှာ အိပ်မက်ဆိုးတွေရှိနေတဲ့ ဟန်ဒါဆန်ခေါ်ယူဖို့ရှိနေတဲ့ ဥရောပအသင်းကြီးနှစ်သင်း

3:52 PM, 15 January

ပြီးခဲ့တဲ့နွေရာသီက လီဗာပူးကနေ အယ်လ်အီတီဖက်သို့ ပြောင်းရွှေ့ခဲ့တဲ့ ဟန်ဒါဆန်ရဲ့ ဆုံးဖြတ်ချက်ဟာ အံ့ဩစရာဖြစ်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ထိပ်တန်းအဆင့်မှာနှစ်အနည်းငယ်လောက်အထိ ကစားနိုင်နေတုန်းဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဆော်ဒီပရိုလိဂ်မှာ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ ရရှိနေပေမယ့် ပင်လယ်ကွေ့ပြည်နယ်ကို ပြောင်းရွှေ့ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ငွေကြေးက အဓိကအချက်ဖြစ်တယ်ဆိုတာ ငြင်းဆိုထားခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ပြီးခဲ့သည့်ရာသီက ကလော့ပ်ရဲ့ လီဗာပူးတွင်သူ့ရဲ့အခန်းကဏ္ဍ လျော့ကျသွားတဲ့အတွက် စိတ်ပျက်မိကြောင်းနှင့် သူ့ရဲ့အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ရဲ့ လက်အောက်တွင် ကစားခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း ဝန်ခံခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာ အထူးသဖြင့် လိင်တူချစ်သူကို ဆန့်ကျင်ရေးမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးမှတ်တမ်းရှိတဲ့ နိုင်ငံတစ်ခုရဲ့ ပွဲတွေကို တိုးတက်လာအောင် ကူညီလိုတဲ့ဆန္ဒအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ လိင်တူချစ်ကြိုက်ခြင်းဟာ ဆော်ဒီတွင် တရားမဝင်တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဥရောပကိုပြန်လာချင်ကြောင်း ရှင်းရှင်းလင်းလင်းပြောထားပေမယ့် ပြီးခဲ့တဲ့နွေရာသီက လီဗာပူးကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာနဲ့မတူဘဲ အခုချိန်မှာတော့ သူ့ကိုခေါ်ယူဖို့ အနည်းဆုံး ဥရောပထိပ်တန်းအသင်းနှစ်သင်းက တန်းစီစောင့်ဆိုင်းနေပါတယ်။

Mirror နဲ့ La Gazzetta dello Sport တို့ရဲ့ ဖော်ပြချက်အရ အေဂျက်စ်နဲ့ ဂျူဗင်တပ်စ်တို့ဟာ ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် ပြိုင်ဆိုင်ကြမှာဖြစ်ပါတယ်။ အဆိုပါ နှစ်သင်းစလုံးဟာ ဆန်းဒါးလန်းကစားသမားဟောင်းကို လက်ရှိဥရောပရာသီကုန်အထိ ကနဦး ၆ လအငှားဖြင့် ခေါ်ယူရန် ဆန္ဒရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

ဟန်ဒါဆန်ဟာ အရှေ့အလယ်ပိုင်းတွင် အသားကျဖို့ ရုန်းကန်နေရသော်လည်း အေဂျက်စ် ဒါမှမဟုတ် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခြင်းဟာ သက်တောင့်သက်သာဖြစ်စေမှာတော့ မဟုတ်ပါဘူး။ အေဂျက်စ်ဟာ အသင်းရဲ့သမိုင်းတွင် အဆိုးရွားဆုံးရာသီများထဲမှတစ်ခုကို ကြံ့ကြံ့ခံခဲ့ပြီး မကြာသေးမီရက်သတ္တပတ်များအတွင်း အမှတ်ပေးဇယားထိပ်က ပီအက်စ်ဗွီနှင့် ၂၆ မှတ်အကွာမှာ ရှိနေတာဖြစ်ပါတယ်။

ဒတ်ခ်ျအသင်းရဲ့ ရလဒ်တွေကို ပရိသတ်တွေက မကျေမနပ်ဖြစ်မှုများကြောင့် ဂျိုလန်ခရပ်ဖ်ကွင်းကြီးဟာ ဆိုးရွားတဲ့ နေရာဖြစ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကတော့ အံ့အားသင့်ဖွယ် ရာသီတစ်ခုကို ဖြတ်သန်းနေပြီး အင်တာမီလန်ကို စီးရီးအေချန်ပီယံမဖြစ်အောင် တားဆီးနိုင်တဲ့ တစ်ခုတည်းသောအသင်း ဖြစ်လာရန် ကြိုးစားနေပါတယ်။

အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများကြောင့် ပြောင်းရွှေ့ကြေးမပါတဲ့ အငှားစာချုပ် ဖြစ်နိုင်ခြေရှိသော်လည်း ဟန်ဒါဆန်ဟာ ဂျုဗင်တပ်စ်အတွက်ကစားပေးရန် ဖိအားများနှင့်ပတ်သက်ပြီး ထင်ယောင်ထင်မှားမဖြစ်သင့်ပါဘူး။ ဘယ်အသင်းကိုပဲပြောင်းပြောင်း ဟန်ဒါဆန်ရဲ့ ဆော်ဒီစွန့်စားခန်းဟာ အချိန်မတန်မီ ပြီးဆုံးသွားပုံရပါတယ်။

#လီဗာပူး #ဒင်းဟန်ဒါဆန် #ပရီးမီးယားလိဂ်