လေ့ကျင့်ခန်း အစီအစဉ်တွေကို မပါဝင်ခဲ့တဲ့ ဘန်ဇီးမားကို လူစာရင်းကနေ ဖယ်ရှားခဲ့တဲ့ အယ်လ်-အီတီဟက်
9:07 AM, 15 January
ကလပ်အသင်းရဲ့အစီအစဉ်တော်တော်များများကို မပါဝင်ခဲ့တဲ့နောက် အယ်လ်-အီတီဟက်အသင်းဟာ ဘန်ဇီးမားကို ဒူဘိုင်းလေ့ကျင့်ရေးကမ့်ကနေ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
မာကာသတင်းဌာနရဲ့အဆိုအရ ပြင်သစ်သားဟာ နားရက်ပြည့်ခဲ့ပြီဖြစ်တာကြောင့် သောကြာနေ့မတိုင်ခင် အသင်းထံ သတင်းပို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဘန်ဇီးမားဟာ ဘယ်တုန်းကမှ သတင်းမပို့ခဲ့သလို နည်းပြ မာဆယ်လိုဂယ်လာဒိုအတွက်လည်း ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာဖြစ်ပါတယ်။
တူညီတဲ့သတင်းတွေအရ အဆိုပါအခြေအနေဟာ ဘန်ဇီးမားအတွက် ပထမဆုံးမဟုတ်ပဲ ၂၀၂၃ အကုန်အထိ လေ့ကျင့်ခန်းအစီအစဉ် ၃ ကြိမ်လောက်အထိ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုဖြစ်ခဲ့တာက နူနိုဆန်းတို့ နည်းပြတုန်းကဖြစ်ခဲ့တာဖြစ်ပြီး အဲ့နောက် ပေါ်တူဂီသားနည်းပြဟာ နိုဝင်ဘာလတုန်းက အထုတ်ခံခဲ့ရပါတယ်။
အရှေ့အလယ်ပိုင်းက ဘော်လွန်းဒီအော်ဆုရှင်အတွက် အဆင်မပြေဘူးလို့ သတင်းတွေကြီးနေသလို အယ်လ်နာဆာနဲ့ပွဲတုန်းက စွမ်းဆောင်ရည်ကလည်း မကောင်းခဲ့တာဖြစ်ပါတယ်။ အီတီဟက်အသင်းဟာ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို ၅-၂ နဲ့ အရေးနိမ့်ခဲ့ပြီး အသင်းဖော်ဟောင်း ရော်နယ်ဒိုက ၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘန်ဇီးမားကတော့ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပြင်သစ်သားဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အခြေအနေတွေကြောင့် အသက် ၃၆ နှစ်သားရဲ့ အနာဂတ်က မသေချာတေ့ပဲ ဈေးကွက်ထဲမှာ ကစားသမားအသစ်ရှာဖွေနေတယ်လို့ သိရပါတယ်။