ရှေ့သို့
Image

ကစားသမားဘ၀ ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဗန်ဒိုက်

8:52 AM, 15 January

လီဗာပူးနောက်ခံလူ ဗန်ဒိုက်က အာဆင်နယ်စတားဟောင်း ဂျီရော့ဒ်ဟာ သူရင်ဆိုင်ဖူးသမျှထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၃၂ နှစ်သားဟာ မော်ဒန်ဘောလုံးလောကရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးဖြစ်ပြီး ကလပ်အသင်းအပြင် နိုင်ငံအသင်းမှာပါ ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ဖူးတာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်တဲ့သူမရှိသေးပဲ နယ်သာလန်သားက ပြင်သစ်နဲ့ပွဲမှာ ဂျီရော့ဒ်နဲ့ရင်ဆိုင်ရတာ ခက်ခဲတယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဗန်ဒိုက်က ဂျီရော့ဒ်ဟာ ဘယ်လိုရင်ဆိုင်ရခက်တဲ့ ကစားသမားလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ဂျီရော့ဒ်ပါ။ အချိန်တိုင်း သူ့ကိုကပ်ထားပေမယ့် သူကတစ်နည်းမဟုတ် တစ်နည်းနဲ့ဂိုးသွင်းနိုင်ပါတယ်။ သူကျွန်တော်နဲ့ ရင်ဆိုင်တုန်းက ဂိုးတခါတလေသွင်းယူတတ်ပါတယ်။ သူက အမြဲတမ်းဂိုးသွင်းဖို့ပဲ လုပ်ဆောင်တတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားရချိန်တုန်းက သူ့ကိုတောင် စနောက်ခဲ့ပါသေးတယ်။ အဲ့တုန်းကလည်း သူက နောက်တစ်ကြိမ်ဂိုးသွင်းခဲ့ပါသေးတယ်။ ဒီလူနဲ့ရင်ဆိုင်ရတာကိုက စိတ်ညစ်စရာပါ”လို့ နယ်သာလန်သားက ပြောကြားခဲ့ပါတယ်။

ဆဲလ်တစ်နဲ့ ဆောက်သမ်တန်စတားဟောင်းဟာ ၂၀၁၈ - ၁၉ တုန်းက ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပြီး မက်ဆီ ၊ အဂူရို ၊ ဟာလန်းစတဲ့ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော် ထိပ်တန်းတိုက်စစ်မှူးတွေအများကြီးနဲ့ ရင်ဆိုင်ဖူးပါတယ်။ မက်ဆီ ၊ အဂူရို ၊ ဟာလန်းတို့ကလည်း ရင်ဆိုင်ရခက်ခဲတဲ့ကစားသမားတွေပါ။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ ဂျီရော့ဒ် ဒီလူက တကယ့်ကို စိတ်ပျက်စရာလူပါ”လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ဂျီရော့ဒ် #ပရီးမီးယားလိဂ်